တောင်ကိုရီးယား ကုန်တင်ကားသမားတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်နေ

ဆိုးလ်၊နို၀င်ဘာ-၂၅-၂၀၂၂
မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံမှာ ကုန်တင်ကားသမားတွေရဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်ဆင်နွှဲနေမှုကို အစိုးရက ဖြိုခွင်းဖို့လုပ်ဆောင်နိုင်ကြောင်း သမ္မတယွန်းဆွတ်ခ်ယိုးလ်က နို၀င်ဘာ ၂၅ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

အခုလို သပိတ်မှောက်တာဟာ စီးပွားရေးအကျပ်အတည်းကာလအတွင်း ထောက်ပံ့ရေးကွင်းဆက် ပျက်ပြားစေတာကို အသုံးချတဲ့ လက်မခံနိုင်ဖွယ်အပြုအမူဖြစ်ကြောင်း သမ္မတယွန်းဆက်ခ်ယိုးလ်က ပြောပါတယ်။

အစိုးရနဲ့ ကုန်တင်ကားသမားတွေအကြား ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ဖို့ သဘောတူထားပေမယ့်လည်း နေ့ရက်အတိအကျသတ်မှတ်ရခြင်းမရှိသေးကြောင်း တောင်ကိုရီးယား ပို့ဆောင်ရေး၀န်ကြီးကပြောပါတယ်။

တောင်ကိုရီးယားမှာ ပို့ဆောင်ရေးလုပ်သား လေးသိန်းနှစ်သောင်းကျော်ရှိရာ သပိတ်မှောက်ရာမှာ နှစ်သောင်းငါးထောင်ကျော် ပါ၀င်ကြောင်း တာ၀န်ရှိသူတွေက ခန့်မှန်းထားပါတယ်။

ပိုမိုကောင်းမွန်တဲ့ လုပ်ခလစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေနဲ့ ပတ်သက်ပြီး တောင်းဆိုနေတဲ့ ကုန်တင်ကားသမားတွေရဲ့ ဒုတိယအကြိမ်မြောက် သပိတ်ဟာ နို၀င်ဘာ ၂၄ ရက်မှာ စတင်ခဲ့ပြီး နှစ်ရက်မြောက်ရှိလာပြီဖြစ်ပါတယ်။

ကုန်တင်ကားသမားတွေရဲ့ သပိတ်မှောက်မှုကြောင့် ကမ္ဘာ့ပေါ်မှာ စီးပွားအင်အားကြီး အဆင့် ၁၀ မှာရပ်တည်နေတဲ့ တောင်ကိုရီးယားရဲ့ထောက်ပံ့ရေးကွင်းဆက်တွေအပေါ် အနှောက်အယှက်ဖြစ်ခဲ့ပြီး မော်တော်ကားထုတ်လုပ်သူတွေ၊ ဘိလပ်မြေနဲ့သံမဏိလုပ်ငန်းတွေလည်း ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါ
တယ်။

Ref: Reuters
Photo:Getty Images

#voiceofmyanmar #VOM #တောင်က်ုရီးယားကုန်တင်ကားသမားသပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW