တရုတ်မှာ ကိုဗစ်ကန့်သတ်ချက်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေ

ပေကျင်း၊ နို၀င်ဘာ-၂၇-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံ ရှင်ကျန်းဒေသ အမ်ချီမြို့ရှိ လော့ခ်ဒေါင်းချထားတဲ့ တိုက်ခန်းတွဲတခုမှာ လူ ၁၀ ဦးသေဆုံးစေခဲ့တဲ့ မီးလောင်မှုဖြစ်ပွားပြီးနောက် ကိုဗစ်-၁၉ ကန့်သတ်ချက်တွေအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာပါတယ်။

မီးလောင်မှုဖြစ်ပွားခြင်းအတွက် လူနေအဆောက်အအုံတွေကို လော့ခ်ဒေါင်းချထားတဲ့ အပေါ် လူအများအပြားက ပြစ်တင်ပြောဆိုနေကြပြီး တရုတ်အာဏာပိုင်တွေကတော့ ဒါကြောင့်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

အမ်ချီမြို့အာဏာပိုင်တွေက မီးလောင်မှုနဲ့ပတ်သက်ပြီး နို၀င်ဘာ ၂၆ ရက်နှောင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ တောင်းပန်စာတခုထုတ်ပြန်ခဲ့ပေမယ့် ကန့်သတ်ချက်တွေကို မလိုက်နာရင် အရေးယူမယ်လို့ ဆိုပါတယ်။

ကိုဗစ်ကန့်သတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်မှုအဖြစ် ရှန်ဟိုင်းမှာလည်း လူထောင်ပေါင်းများစွာဟာ နို၀င်ဘာ ၂၆ ရက်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး သမ္မတရှီကျင်းပင် ရာထူးနှုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။

မြို့တော်ပေကျင်းမှာလည်း ကိုဗစ်ကန့်သတ်ချက်တွေအပေါ် နို၀င်ဘာ ၂၆ ရက်မှာ ဆန္ဒပြမှု အချို့ရှိဖြစ်ပွားခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ သမ္မတကို တိုက်ရိုက်ဝေဖန်မှုအတွက် ပြင်းထန်တဲ့ပစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ တရုတ်နိုင်ငံမှာ အခုလိုဆန္ဒပြမှုတွေဟာ ရှားပါးဖြစ်ရပ်ဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW