လှည်းကူးမှာ ရခိုင်ကနေလာတဲ့ အထောက်အထားမဲ့သူ ၆၈ ဦးဖမ်းမိ

နိုဝင်ဘာ၊၂၈-၂၀၂၂
မင်းမြတ်(VOM)

ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ဇုန် (၁) အနီးမှာ ရခိုင်ပြည်နယ်ကနေ ၁၂ ဘီးကားနဲ့ လာတဲ့
အသက် ၁၈ နှစ်အောက် ကလေးတွေ အပါအဝင်
အထောက်အထားမဲ့သူ ၆၈ ယောက်ကို ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက ဖမ်းမိခဲ့တယ်လို့ သက်ရာနဲ့နီးစပ်သူဆီကနေ သိရပါတယ်။

”ကျန်းမာရေး သိပ်မကောင်းသူတွေလည်းပါတယ် ၊ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းကဖမ်းမိတာ
၊ ရခိုင်ပြည်နယ်ကနေလာတာ ၊ ၁၂ ဘီးယာဉ်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးတဲ့အခါ ဖမ်းမိခဲ့တာ ၊ အားလုံး ၆၈ ယောက်ပါ ၊ အသက် ၁၈ နှစ်အောက် အယောက် ၃၀ လောက်ပါတယ်၊ ရန်ကုန်ကနေ မလေးရှားကို သွားဖို့ လာတာတဲ့ ။”လို့ သက်ဆိုင်ရာနဲ့ နီးစပ်သူက ပြောပါတယ်။

ဖမ်းမိတဲ့ အထောက်အထားမဲ့သူ ၆၈ ယောက်ထဲမှာ
အသက် ၁၈ နှစ်အောက် အယောက် ၃၀ ပါဝင်ပြီး
အမျိုးသား ၅၄ ယောက် ၊ အမျိုးသမီး ၁၄ ယောက်ဖြစ်ပြီး သူတို့ကို စစ်ဆေးတဲ့အခါ မလေးရှားနိုင်ငံကို ရန်ကုန်ကနေ သွားဖို့ ထွက်လာတာလို့ သိရပါတယ်။

လတ်တလော တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက အထောက်အထားမဲ့ အမျိုးသား ၊ အမျိုးသမီး ၃၀၀ ကျော်ဖမ်းမိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာ လအထိ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့နယ်ပေါင်း ၂၅ ခုမှာ အထောက်အထားမဲ့သူ ၁၄၀၀ ကျော်အထိ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #လှည်းကူး

Related posts

Leave a Comment

VOM News

FREE
VIEW