အမေရိကန်ထိ ပစ်နိုင်တဲ့ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

ပြုံးယမ်း၊ နို၀င်ဘာ-၂၈-၂၀၂၂
မျိုးဆက်(VOM)

နို၀င်ဘာ ၁၈ ရက်မှာ စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဟွာဆောင်-၁၇ တိုက်ချင်းပစ် ဒုံးကျည်နောက်ဆုံးစမ်းသပ်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက နို၀င်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ တီထွင်မှု ပြီးပြည့်စုံပြီဖြစ်ကြောင်း ယခုနှစ်ကုန်တွင်ကြေညာဖို့ ကင်ဂျုံအန်က မြောက်ကိုရီးယားသိပ္ပံပညာရှင်တွေကို ညွှန်ကြားထားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်ကို ထောက်လှမ်းဖို့နဲ့ ကြားဖြတ်ဟန့်တားမှု ခက်ခဲစေဖို့ ကင်ဂျုံအန်က ညွှန်ကြားခဲ့ပြီး အဲဒီဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ယခုနှစ်အတွင်းမှာ အရှိန်မြှင့်လုပ်ဆောင်နေပြီး ကမ္ဘာ့စွမ်းအားအပြင်းဆုံး တိုက်ချင်းပစ်ဒုံးကျည်ပိုင်ဆိုင်လိုကြောင်း ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုထားပါတယ်။

ကင်ဂျုံအန်ဟာ ကာကွယ်ရေးသိပ္ပံအကယ်ဒမီ ဥက္ကဌ ဂျန်ချန်ဟာ အပါအ၀င် ဒုံးကျည်တည်ဆောက်မှုမှာ ပါ၀င်သူ ၁၀၀ ကျော်ကို ရာထူးတိုးပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW