ထီးချိုင့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး လူနေအိမ် ၂၅၀ ကျော် မီးရှို့ခံရ

နိုဝင်ဘာ ၂၉ -၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ အလယ်တောကျေးရွာမှာ မနေ့ နိုဝင်ဘာ ၂၈ ရက် ၊ မနက်ပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၁၀ နာရီလောက် ဘုရားကုန်းနားမှာ ပစ်ခတ်တိုက်ခိုက်တာတွေ စတင်ဖြစ်ပွားတယ် ၊ တရွာလုံးက လူတွေထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အဲ့ဒီအချိန်မှာ ရွာရဲ့တောင်ပိုင်းနဲ့ မြောက်ပိုင်းက လူနေအိမ်တွေ မီးလောင်တယ် ၊ ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာတော့ မသိရဘူး”လို့ အလယ်တောရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကသာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” နယ်မြေရှင်းလင်းရေးအဖွဲ့တွေရောက်တဲ့အချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူဘက်က ထွက်ပြေးတဲ့အချိန်မှာ ရွာကိုမီးရှို့တယ် ၊ အိမ်ခြေ ၂၅၀ ကျော် မီးလောင်ပျက်စီးတယ် ၊ အိမ်မွေးတိရစ္ဆာန်တွေလည်း သေတယ် ၊ လူသေတာတော့ မရှိဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာ ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်မှာ အိမ်ခြေ သုံးရာဝန်းကျင် နဲ့ နိုဝင်ဘာ ၂၅ ရက်မှာ အရာတော်မြို့နယ်မှာ အိမ်ခြေ ၈၀ ကျော် မီးရှို့ခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ထီးချိုင့်

Related posts

Leave a Comment

VOM News

FREE
VIEW