တရုတ်-အိန္ဒိယဆက်ဆံရေး ၀င်မစွက်ဖက်ဖို့ အမေရိကန်ကို တရုတ်သတိပေး

ပေကျင်း၊ ဒီဇင်ဘာ-၁-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြုဖို့ တရုတ်က အမေရိကန်ကို သတိပေးခဲ့ကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့အကြား ၄၅ နှစ်အတွင်း အဆိုးရွားဆုံး နယ်စပ်ပဋိပက္ခတွေ ၂၀၂၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပျက်ယွင်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံကသွင်းကုန်တွေ တိုးမြှင့်တင်သွင်းမှုတွေရှိနေပေမယ့် နှစ်နိုင်ငံနယ်စပ်ရှိ ဟိမ၀န္တာဒေသမှာ နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေ ဖြန့်ကြက်ချထားမှုကတော့ မြင့်တက်နေဆဲဖြစ်ပါတယ်။

အိန္ဒိယဟာ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ဖို့ရည်ရွယ်ဖွဲ့စည်းထားတဲ့ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျတို့ပါ၀င်တဲ့ ကွာဒ်မဟာမိတ်အဖွဲ့မှာ ပါ၀င်နေပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်မှုကို တရုတ်ဘက်က တုံ့ပြန်မှုမရှိပေမယ့် ပြီးခဲ့တဲ့လအတွင်း တရုတ်နယ်စပ်အနီးပြုလုပ်ခဲ့တဲ့ အမေရိကန်-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ တရုတ်-အိန္ဒိယနှစ်နိုင်ငံအကြား ယုံကြည်မှုပျက်ပြားစေခြင်းမရှိဘူးလို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆိုပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW