တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားပေမယ့် ယူကရိန်းကတပ်တွေကို မရုပ်သိမ်းဘူးလို့ ရုရှားပြော

မော်စကို၊ ဒီဇင်ဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းပဋိပက္ခမှာ ဖြစ်နိုင်ခြေရှိတဲ့ဖြေရှင်းနည်းတွေအတွက် ဆွေးနွေးပွဲတွေလုပ်ဖို့ လမ်းဖွင့်ထားပြီး သံတမန်နည်းလမ်းအရ အဖြေရှာနိုင်မယ်လို့ ယုံကြည်ကြောင်း ရုရှားသမ္မတရုံးက ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဖို့ ပြင်ဆင်ထားကြောင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုပြီးနောက် ရုရှားဘက်က အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ တခုတည်းသောနည်းလမ်းကတော့ ရုရှားတပ်တွေကို ရုပ်သိမ်းဖို့ဖြစ်ပြီး ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ပူတင်အနေနဲ့ ကြိုးပမ်းနေတယ်ဆိုရင် တွေ့ဆုံဖို့ အသင့်ရှိကြောင်း ပြင်သစ်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန်သမ္မတက ပြောပါတယ်။

သမ္မတပူတင်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားပေမယ့်လည်း ယူကရိန်းက တပ်တွေကို ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်ကပြောပါတယ်။

ယူကရိန်းအပေါ် စစ်ရေးအရ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နောင်တရစရာမရှိကြောင်း ပူတင်က ပြောဆိုထားပါတယ်။

ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ ပူတင်ဟာ နယ်ချဲ့တဲ့ပုံစံစစ်ဆင်နွှဲတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW