အမေရိကန်မရှိရင် ဥရောပအကြပ်ရိုက် ဒုက္ခရောက်လိမ့်မယ်လို့ ဖင်လန်၀န်ကြီးချုပ် သတိပေး

ဆစ်ဒနီ၊ ဒီဇင်ဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဥရောပဟာ ကိုယ်ပိုင်ရပ်တည်ဖို့ လုံလောက်တဲ့ အင်အားမရှိဘဲ ချိနဲ့နေပြီး အမေရိကန်ရဲ့ အထောက်အပံ့ကို မှီခိုနေရကြောင်း ဖင်လန်၀န်ကြီးချုပ် ဆန်နာမာရင်က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဖင်လန်၀န်ကြီးချုပ် ဆန်နာမာရင်က သူ့ရဲ့သြစတြေးလျခရီးစဉ်အတွင်း အခုလိုမှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပြီး လုံး၀အရိုးသားဆုံးပြောရမယ်ဆိုရင် ဥရောပဟာ ခိုင်မာတောင့်တင်းမှုမရှိသေးကြောင်းနနဲ့ အမေရိကန်မရှိရင် ဒုက္ခရောက် အကြပ်ရိုက်လ်ိမ့်မယ်လို့ သူကပြောပါတယ်။

အမေရိကန်ဟာ လက်ရှိချိန်ထိ ယူကရိန်းအတွက် စစ်ရေးအကူအညီအပေးဆုံးနိုင်ငံဖြစ်ပြီး ဖေဖော်ဝါရီလမှာ စစ်ပွဲစတင်ချိန်ကစပြီး ဒေါ်လာ ၁၈ ဒသမ ၆ ဘီလီယံထိ ကူညီမယ်လို့ ကတိပြုထားပါတယ်။

ဥရောပသမဂ္ဂဟာ ယူကရိန်းအတွက် အမေရိကန်ပြီးရင် ဒုတိယမြောက် ထောက်ပံ့မှုအများဆုံးအဖြစ် ရပ်တည်နေပြီး ဗြိတိန်ကမူ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဥရောပအနေနဲ့ ကာကွယ်ရေးစွမ်းရည်ကို ယခုထက်ပိုပြီး ခိုင်မာအားကောင်းဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း ဖင်လန်၀န်ကြီးချုပ်က အကြံပြုပြောဆိုပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဆစ်ဒနီ

Related posts

Leave a Comment

VOM News

FREE
VIEW