ကိုရီးယားနှစ်နိုင်ငံကြား ရေကြောင်းကြားခံဇုန်ကို မြောက်ကိုရီးယားက အမြောက်နဲ့ အချက် ၁၃၀ ပစ်ခတ်

ဆိုးလ်၊ ဒီဇင်ဘာ-၆-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်နဲ့ အနောက်ဘက်ပိုင်းကို အမြောက်ကျည် အချက် ၁၃၀ နဲ့ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဒီဇင်ဘာ ၅ ရက်မှာပြောပါတယ်။

ကိုရီးယားနှစ်နိုင်ငံအကြား ရေကြောင်းနယ်နိမိတ်အဖြစ် သတ်မှတ်ထားတဲ့ ရေကြောင်းကြားခံဇုန်အတွင်းကို လက်နက်နဲ့ ပစ်ခတ်ခြင်းမပြုဖို့ ၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့က သဘောတူခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ အမြောက်ကျည်တွေနဲ့ ပစ်ခတ်မှုဟာ အဲဒီစစ်ရေးသဘောတူညီချက်ကို ပြတ်ပြတ်သားသားချိုးဖောက်မှုအဖြစ် တောင်ကိုရီးယားက ရှုတ်ချလိုက်ပြီး ဒီလိုလုပ်နေတာတွေကို ချက်ချင်းရပ်ဖို့ တိုက်တွန်းထားပါတယ်။

ဒီလို အမြောက်တွေနဲ့ပစ်ခတ်မှုဟာ တောင်ကိုရီးယားရဲ့စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်မှုအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ဂျပန်တို့က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေအပေါ် လွန်ခဲ့တဲ့သီတင်းပတ်မှာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

Ref:NHK
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW