ဆူဒန်မှာ စစ်တပ်က အရပ်ဘက်ကို အာဏာလွှဲပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ သဘောတူပြီ

ခါတွမ်၊ ဒီဇင်ဘာ-၆-၂၀၂၂
မျိုးဆက်(VOM)

ဆူဒန်နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်ဖို့အတွက် အရပ်ဘက်ကို အာဏာလွှဲပြောင်းပေးဖို့ ဆူဒန်အာဏာသိမ်းခေါင်းဆောင်တွေက ဒီဇင်ဘာ ၅ ရက်မှာ သဘောတူလိုက်ပါတယ်။

မြို့တော်ခါတွမ်မှာ ထုတ်ဖော်ကြေညာခဲ့တဲ့ သဘောတူညီချက်အရ အရပ်သားခေါင်းဆောင်တွေ ဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးကာလကို နှစ်နှစ်သတ်မှတ်ထားပြီး အဲဒီနောက်မှာ ရွေးကောက်ပွဲတွေ ကျင်းပရေးတို့ပါ၀င်ပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ ဆန္ဒပြသူတွေကတော့ အဲဒီအစီအစဉ်ကို ပယ်ချထားပြီး အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူတွေကို အရေးယူဖို့ တောင်းဆိုနေကြကာ နိုင်ငံတ၀န် ဆန္ဒပြပွဲတွေ ပိုမိုပြင်းထန်လာဖွယ်ရှိပါတယ်။

ဆူဒန်မှာ ကာလကြာရှည်အုပ်ချုပ်ခဲ့တဲ့ သမ္မတအိုမာအယ်လ်ဘာရှားကို ၂၀၁၉ ခုနှစ်မှည စစ်တပ်ကဖြုတ်ချကာ အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အာဖရိကသမဂ္ဂ၊ အာရပ်နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကတော့ ဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ စစ်တပ်နဲ့ အရပ်ဘက်အကြား တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW