မလေးရှားသွားမယ့် မြန်မာ ၅၄ ဦး ထိုင်းနယ်စပ်မှာ အဖမ်းခံရ

ဘန်ကောက်၊ ဒီဇင်ဘာ-၅-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ ဆိုင်ယော့ခရိုင်စစ်ဆေးရေးဂိတ်မှာ မော်တော်ယာဉ်သုံးစီးနဲ့လိုက်ပါလာတဲ့ တရားမ၀င်မြန်မာလုပ်သား ၅၃ ဦးကို ဒီဇင်ဘာ ၄ ရက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းမိတဲ့ မြန်မာလုပ်သားတွေထဲမှာ အမျိုးသား ၄၃ ဦးနဲ့ အမျိုးသမီး ၁၀ ဦးပါ၀င်ပြီး နိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ ကချနာဘူရီ လူ၀င်မှုကြီးကြပ်ရေး တာ၀န်ရှိသူတွေက ပြောပါတယ်။

မြန်မာလုပ်သားတွေဟာ စနေနေ့ကတည်းက ထိုင်းနိုင်ငံထဲကို ၀င်ရောက်လာတာဖြစ်ပြီး မလေးရှားမှာ အလုပ်ရဖို့အတွက် ပွဲစားကို ဘတ် သုံးသောင်းခွဲကနေ လေးသောင်းထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းမိတဲ့မြန်မာလုပ်သားတွေကို ဥပဒေကြောင်းအရ ဆက်လက်အရေးယူဖို့ ဆိုင်ယော့ရဲစခန်းကို လွှဲပြောင်းပေးထားပြီး ထိုင်းလူမျိုး ကားသမားသုံးဦးကိုလည်း ဖမ်းဆီးထားပါတယ်။

သူတို့ကို ကားမောင်းပို့ခအတွက် လူပွဲစားက ဘတ်ခြောက်ထောင်စီပေးပြီး ငှားရမ်းခဲ့တာလို့ ကားသမားတွေက ပြောပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမ၀င်သွားရောက်တဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးမှုတွေဟာ မကြာသေးမီကာလတွေအတွင်း မြင့်တက်လျှက်ရှိပါတယ်။

Ref: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW