မုဒုံမှာ နိုင်ငံသားအထောက်ထားမဲ့သူ ၇၈ ယောက် ဖမ်းမိ

ဒီဇင်ဘာ ၆ -၂၀၂၂
GG(VOM)

မုဒုံမြို့နယ်၊ ကမာဝက်ချောင်းဝမှာ နိုင်ငံသားအထောက်ထားမဲ့သူ ၇၈ ယောက်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

” မနေ့က မနက် ၈နာရီလောက်မှာ ဖမ်းမိတာ။ စက်လှေဝမ်းဗိုက်ထဲမှာ လိုက်လာကြတာကို စစ်ဆေးတွေ့ရှိတာလို့သိရတယ်။ အခုတော့ဘတာဝန်ရှိသူတွေက ထိန်းသိမ်းထားတယ် “လို့ မုဒုံမြို့ခံပရဟိတသမားတဦးကပြောပါတယ်။

ဖမ်းဆီးရမိတဲ့နိုင်ငံသားအထောက်ထားမဲ့သူတွေဟာ မော်လမြိုင်မှာ နေထိုင်ဖို့ တရားမဝင်ဝင်ရောက်လာကြတာဖြစ်ပြီး စက်လှေကျောက်ချရပ်နားစဥ် ဖမ်း ဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံသားအထောက်အထားမဲ့ သူ ၇၈ ယောက်ထဲမှာ မိန်းကလေးက ၂၂ ယောက်၊ယောကျ်ားလေးက ၅၆ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်ထားမဲ့သူတွေကို လ.ဝ.က ဥပဒေနဲ့အမှုဖွင့်အရေးယူနိုင်ဖို့ သက်ဆိုင်ရာရဲစခန်းက ဆောင်ရွက်နေတယ်လို့သိရပါတယ်။

မနေ့ ဒီဇင်ဘာလ ၅ရက်နေ့ကလည်း ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု၊အမှတ် (၇) လမ်းမကြီးနဲ့ ငွေနံ့သာ​ကျေးရွာအကြား တပင်​ရွှေထီးလမ်းမ​ပေါ် မှာ သေဆုံးနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ယောက်ကို တွေ့ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ဇုန် (၁)အနီးက ၁၂ ဘီးကားထဲကနေ နိုင်ငံသား အထောက်အထားမဲ့သူ ၆၈ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုဒုံ #အထောက်အထားမဲ့သူတွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW