နျုကလီးယားစစ်ပွဲဖြစ်နိုင်ခြေ မြင့်တက်လာကြောင်း ရုရှားသမ္မတပူတင်ပြော

မော်စကို၊ ဒီဇင်ဘာ-၈-၂၀၂၂
မျိုးဆက်(VOM)

နျူကလီးယားစစ်ပွဲဖြစ်နိုင်ခြေဟာ မြင့်တက်လာကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ရုရှားဟာ ရူးနေတာမဟုတ်တဲ့အတွက် နျူကလီးယားလက်နက်တွေကို ဦးစွာအသုံးမပြုဘူးလို့ ပူတင်က အခိုင်အမာပြောဆိုလိုက်ပါတယ်။

ရုရှားကို တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစုလိုက်အပြုံလိုက်ပျက်စီးစေတဲ့ လက်နက်တွေအသုံးပြုမယ်လို့ ရုရှားသမ္မတက ပြောဆိုထားပြီး ယူကရိန်းစစ်ပွဲဟာ ကာလရှည်ကြာ လုပ်ငန်းစဉ်တခုဖြစ်နိုင်ကြောင်း ပူတင်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲအစမှာ ရုရှားဟာအရှိန်အဟုန်နဲ့တိုက်ခိုက်မှု အောင်ပွဲခံဖို့ မျှော်မှန်းခဲ့တယ်လို့ အနောက်နိုင်ငံတကာ၀န်ရှိသူတွေက ယုံကြည်နေကြပါတယ်။ နျူကလီးယားစစ်ပွဲ ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ တိုးပွားနေပြီး ဒါကဖုံးကွယ်ထားရင် မှားလိမ့်မယ်လို့ ပူတင်ကဆိုပါတယ်။

ဒါပေမယ့် နျူကလီးယားလက်နက်တွေကို ဘယ်လိုအခြေအနေမျိုးမှာမဆို ဦးစွာအသုံးပြုဖို့ အစီအစဉ်မရှိကြောင်းနဲ့ ရုရှားရဲ့ နျုကလီးယားလက်နက်နဲ့ ဘယ်သူ့ကိုမှ ခြိမ်းခြောက်မှာမဟုတ်ဘူးလို့ ပူတင်က ပြောပါတယ်။

မိမိတို့မရူးသေးတဲ့အတွက် ဒါတွေဟာနျူကလီးယားလက်နက်ဆိုတာကို သတိပြုမိကြောင်းနဲ့ လက်နက်တွေကို ဘရိတ်ဒါးတချောင်းလိုကိုင်ပြီး ကမ္ဘာပတ်နေမှာမဟုတ်ကြောင်း ရုရှားသမ္မတပူတင်က ပြောဆိုပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW