ကန့်ဘလူမြို့နယ်မှာ နှမ်းရိတ်တောင်သူ ကလေးငယ် ၆ ယောက် အပါအဝင် ၁၂ ယောက်ပျောက်ဆုံးနေ

ဒီဇင်ဘာ ၊ ၉ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဂါထားကျေးရွာ ၊ ကျောက်အိုးတောတိုက်ကို နှမ်းရိတ်ဖို့သွားတဲ့ တောင်သူ မိသားစုတွေ ဆက်သွယ်မရ ပျောက်ဆုံးနေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ကျောက်အိုးတောတိုက်က မိသားစုတွေ ပျောက်ဆုံးနေလို့ အကူအညီတောင်းခံတာရှိတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက နှမ်းရိတ်သွားရင်း ပျောက်သွားတာပါ ၊ ပျောက်ဆုံးနေတဲ့ သူတွေကတော့၊ ဦးဖိုးပိန် ၊ သူ့မိန်းမ ဒေါ်ဇင်မာဦး ၊ သူ့သမီး မအေးနှင်းဖြူ ၁၃ နှစ်၊ မအိအိ ၇ နှစ်၊ မောင်ရဲရင့်အောင် ၅ နှစ်၊ နောက်မိသားစုက ဒေါ်ခိုင်မာစိုး၊ မောင်သော်ခန့်အောင် ၁၃ နှစ်၊ မောင်ပိစီ ၃ နှစ်၊ ဒေါ်နှင်းအေး၊ ဦးဇော်သန့်ရှင်း၊ ဒေါ်မစိုးမ၊ မောင်သန်သန့် ၂ နှစ် ဖြစ်တယ် ၊ အားလုံး ကလေး ၆ ယောက်နဲ့ လူကြီး ၆ ယောက်ဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ နှမ်းရိတ်တောင်သူတွေ မိသားစုလိုက် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” မိသား ၃ စု ၊ ကလေး ၆ ယောက် နဲ့ လူကြီး ၆ ယောက်ပျောက်နေတယ်လို့ အကြောင်းကြားလာတယ် ၊ ကျောက်အိုးတောတိုက်မှာ နေထိုင်ပြီး နှမ်းရိတ်သွားရင်း ပျောက်နေတာ ဖြစ်တယ် ၊ ကနဦး သိရတာက အဲ့ဒီ မိသားစုတွေကို ဆားတွင်းကြီးရွာဘက်ကို အမည်မသိ လက်နက်ကိုင်တွေက ဖမ်းခေါ်သွားတာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပျောက်ဆုံးနေတဲ့ ကလေးငယ် ၆ ယောက် အပါအဝင် လူ ၁၂ ယောက်ဟာ ဒီဇင်ဘာ ၅ ရက်က စတင်ပျောက်ဆုံးနေတာဖြစ်ပြီး ဒီကနေ့အထိ ဆက်သွယ် ရှာဖွေမရ ဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ၊ ခအုံးတာကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နိုင် (၄၇) နှစ်၊ ဦးသောင်းမြင့် (၆၀) နှစ်နဲ့ ဦးမြင့်ဦး (၅၂) နှစ် ၊ သူတို့ ၃ ဦးဟာ နေအိမ်မှာရှိနေစဥ် ဖမ်းဆီး သတ်ဖြတ်သွားတာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW