တရုတ်ကို တန်ပြန်ဖို့ အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်က စစ်အင်အားတိုးဖွယ်ရှိနေ

ဝါရှင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားတိုးချဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ လာမယ့်နှစ်မှာ အင်ဒို-ပစိဖိတ်ဒေမှာ သူ့ရဲ့စစ်ရေးအင်အားကို မြှင့်တင်နိုင်ဖွယ်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ် ထိပ်တန်းတာ၀န်ရှိသူတဦးက ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာ ဝါရှင်တန်ရှိ သုသေသနအဖွဲ့ကခု၌ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အင်ဒို-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လက်ထောက်ကာကွယ်ရေး၀န်ကြီး အီလီရက်နာက အခုလိုက်ထုတ်ဖော်ပြောဆိုလိုကတာဖြစ်ပါတယ်။

ထိုင်၀မ်ကျွန်းကို သိမ်းယူဖို့ သို့မဟုတ် စစ်ရေးအရ ဖိအားပေးဖို့အတွက် တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ သူ့ရဲ့စစ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ ယုံကြည်ရကြောင်း သူကပြောပါတယ်။

ဒီလိုလုပ်ရပ်မျိုး ဘယ်အခါမှအလွယ်တကူလုပ်ဆောင်နိုင်ခြင်းမရှိစေဖို့ အမေရိကန်အနေနဲ့ အတားအဆီးတွေကို အားဖြည့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သူကပြောပါတယ်။

အင်ဒို-ပစိဖိတ်ဒေသတွင်း ၂၀၂၃ ခုနှစ်ဟာ အမေရိကန်တပ်ဖွဲ့၀င်တွေရဲ့အသွင်ကူးပြောင်းမှုအရှိဆုံးနှစ်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ရလဒ်တွေက စိတ်ကြေနပ်ဖွယ်ဖြစ်ကြောင်း အီလီရက်နာကပြောပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW