စစ်ကိုင်း – ရွှေဘို ကားလမ်းမှာ လူ ၃ ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၉ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ မာလဲတောကျေးရွာ ၊ စစ်ကိုင်း – ရွှေဘို ကားလမ်း ၊ ရွာဝင်ထိပ်မှာ မနေ့ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက လူ ၃ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မာလဲတောကျေးရွာမှာနေတဲ့ အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၁ ဦး ပစ်သတ်ခံရတာ ဖြစ်တယ် ၊ သေဆုံးသူတွေဟာ စစ်ကိုင်းကနေ စျေးဝယ်ပြီး ရွာကိုပြန်အလာ ရွာနားက စစ်ကိုင်း ရွှေဘို ကားလမ်းမှာ ပစ်သတ်ခံရတာဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ် ။

အဲ့ဒီ ၃ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မာလဲတောကျေးရွာနားမှာ ပစ်သတ်ခံရတာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ ဦးစိုးဝင်း ၊ ဦးမျိုးမင်း နဲ့ ဒေါ်မြင့်မြင့်နွှယ် တို့ ၃ ဦးဖြစ်တယ် ၊ သူတို့ ၃ ဦးက စစ်ကိုင်းကနေ စျေးဝယ်ပြီး အပြန် အသတ်ခံရတာပါ ၊ အမည်မသိ(စုံစမ်းဆဲ)လက်နက်ကိုင်အဖွဲ့က မသေမချင်း ပစ်သတ်သွားတာ”လို့ ပြောပါတယ်။

အဲ့ဒီ ၃ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW