အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ၄၀၀ ကို ၂နှစ်ကနေ ၁၀ နှစ်ထိ ထောင်ဒဏ်တွေချမှတ်

တီဟီရန်၊ ဒီဇင်ဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

အီရန်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူ ၄၀၀ ဦးကို အီရန်တရားရုံးတွေက ထောင်ဒဏ်နှစ်နှစ်ကနေ ၁၀ နှစ်ထိ ချမှတ်ခဲ့ကြောင်း အီရန်တရားရေးတာ၀န်ရှိသူတဦးက ဒီဇင်ဘာ ၁၃ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

ဆန္ဒပြသူ ၁၆၀ ဦးကို ထောင်ဒဏ်ငါးနှစ်မှ ၁၀ နှစ်အကြား၊ ၈၀ ဦးကို နှစ်နှစ်မှ ငါးနှစ်ထိ၊ ကျန် ၁၆၀ ဦးကို နှစ်နှစ်ထက်နည်းတဲ့ ထောင်ဒဏ်တွေချမှတ်ခဲ့ကြောင်း အီရန်အစိုးရရှေ့နေချုပ်က ပြောပါတယ်။

ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ဒုတိယမြောက်လူတဦးကို ကြိုးပေးကွပ်မျက်ပြီးနောက်တရက်အကြာမှာ အခုလိုထောင်ဒဏ်တွေချမှတ်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။

အီရန်မှာ မျက်နှာစည်းပုဝါ၀တ်ဆင်ခြင်းဆိုင်ရာ တင်းကြပ်တဲ့စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုကာ အမျိုးသမီးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားစဉ် သေဆုံးမှုကြောင့် စက်တင်ဘာလကတည်းက ဆန္ဒပြမှုများ ဖြစ်ပွားလျှက်ရှိပါတယ်။

ဆန္ဒပြမှုတွေအတွင်း ကလေးငယ် ၆၈ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့၀င် ၆၂ ဦးအပါအ၀င် လူ ၄၉၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၈၂၀၀ ကိုဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW