ပီရူးအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ လူ ၂၀ ကျော်သေဆုံး၊ အစိုးရ၀န်ကြီးနှစ်ဦး ရာထူးမှနှုတ်ထွက်

လီမာ၊ ဒီဇင်ဘာ-၁၇-၂၀၂၂
မျိုးဆက်(VOM)

ပီရူးနိုင်ငံမှာ ယခင်သမ္မတကို ဖြုတ်ချခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကြပ်ရိုက်မှု ပိုမိုဆိုးရွားနေနေတာကို ဖြေရှင်းဖို့ အာဏာပိုင်တွေက နိုင်ငံတော်အဆင့် ဆွေးနွေးပွဲတွေကို ပြုလုပ်နေပါတယ်။

သမ္မတ ပက်ထရိုကာစတီလိုကို ဖြုတ်ချဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၇ ရက်ကစပြီး ပြင်းထန်တဲ့ ဆန္ဒပြပွဲများအပြီးမှာ လူ ၂၀ ကျော်သေဆုံးခဲ့ကာ အစိုးရ၀န်ကြီးနှစ်ဦးလည်း ရာထူးကနေ နှုတ်ထွက်သွားပါတယ်။

နိုင်ငံတော်ကောင်စီ၊ အုပ်ချုပ်ရေးနယ်ပယ်အသီးသီးမှာ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ မြို့တော်လီမာမှာ ဒီဇင်ဘာ ၁၆ ရက်က သုံးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပီရူးပြည်သူတွေအနေနဲ့ အကြမ်းဖက်မှုတွေရှောင်ရှားဖို့နဲ့ အာဏာပိုင်တွေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာဖို့ အစည်းအဝေးအပြီးမှာ အမျိုးသားတရားရေးဘုတ်အဖွဲ့အကြီးအကဲ ဟိုဆေးအဗီလာက တိုက်တွန်းပြောဆိုပါတယ်။

ပီရူးနိုင်ငံဟာနှစ်ပေါင်းများစွာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး သမ္မတကာစတီလိုဟာ ကွန်ဂရက်ကိုဖျက်သိမ်းဖို့ ကြိုးပမ်းပြီးနောက်မှာ နိုင်ငံရေးအကျပ်အတည်းတခု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #လီမာ

Related posts

Leave a Comment

VOM News

FREE
VIEW