မန္တလေးမြို့မှာ ကားပုံစံငယ် စုဆောင်းသူတွေနဲ့ ပြသပွဲကျင်းပ

ဒီဇင်ဘာ ၁၇-၂၀၂၂
HK (VOM)

မန္တလေးမြို့က ကားပုံစံငယ်စုဆောင်းသူ(Dicast Legends Myanmar)အဖွဲ့ကဦးဆောင်ကာ အခြားမြို့တွေက ကားပုံစံငယ်စုဆောင်းတဲ့ ဝါသနာရှင်တွေနဲ့တွေ့ဆုံပြီး မိမိတို့စုဆောင်းထားတဲ့ ကားပုံစံငယ်များပြသပွဲကို ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့ မှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ကားပုံစံငယ်များ၊ ရှုခင်းပုံစံငယ်များ၊ အဆောက်အဦးပုံစံငယ်များ၊ 3D နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ပုံစံငယ်များကို ခင်းကျင်းပြသခဲ့ပြီး ပွဲတက်ရောက်သူများနဲ့ ဂိမ်းကစားခြင်း၊ လက်ဆောင်ပစ္စည်းများပေးခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ကားပုံစံငယ်ပြပွဲ #DicastLegendsMyanmar

Related posts

Leave a Comment

VOM News

FREE
VIEW