တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်ထဲ လက်နက်ကြီးကျရောက်

ဒီဇင်ဘာ ၂၀-၂၀၂၂
Shy V (VOM)

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို မနေ့ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း ၃ နာရီ‌ကျောိခန့်က ၁ နာရီ နီးပါး လက်နက်ကြီး နဲ့ ၁၀ ကြိမ်ခန့် ပစ်ခတ်သံကြားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လိုင်ဇာဘက် ပစ်တာ ဟုတ်တယ်။ မနေ့ညနေ ၄ နာရီ ဝန်းကျင်ခန့်က ၆ ကြိမ်လောက် ကြားလိုက်တယ်။ တခြား ဘာမှ ထိခိုက်တာမျိုးတော့ မကြားဘူး။” လို့ ဒေသခံတဦးကပြောပါတယ်။

ခါ့ယာ၊ ဖွန်းပိန်တောင်ဘက်ကနေ မနေ့ညနေ ၃ နာရီခွဲ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လိုင်ဇာဘက်ကို လက်နက်ကြီး ပစ်လိုက်တာကြောင့် မြို့အနီးနား ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး ဒေသခံတွေ ထိတ်လန့်စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

“၃ နာရီ ဝန်းကျင်မှာလေ။ အဲဒီ တောင်ပေါ်က ဟုတ်တယ်။ ၁၀ ကြိမ်လောက် ဟုတ်တယ်။ ထမင်းချက်နေချိန် အလန့်တကြား လက်နက်ကြီးပစ်သံ ကြားလိုက်တယ်။ ကျမတို့က ဘေးနားက ကတုပ်ကျင်းမှာ ပြေးဝင်ပုန်းလိုက်တာ။ ထမင်အိုးတောင် တူးကုန်မှ ပြန်ထွက်လာရတယ်။”လို့ ဒေသခံ အမျိုးသမီးတဦးက ရှင်းပြပါတယ်။

နယ်စပ်တလျှောက်မှာ တရုတ်စစ်တပ်တွေကလည်း ဒီဇင်ဘာ ၁၈ ရက်နေ့ကတည်းက နယ်ခြားမှတ်တိုင် အမှတ် ၈ တကြော ‌စစ်ရေးတွေ လေ့ကျင့်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာလည်း ဗဟိုဌာနချုပ် နယ်မြေဖြစ်တဲ့ ဆိုင်မိုင်ပါဘက်မှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိပဲ လက်နက်ကြီးတွေ ပစ်ခတ်ခံရခဲ့တာ ရှိတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဗိုလ်လောင်းသင်တန်းထဲကို ၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ KIA ဗိုလ်လောင်းသင်တန်းကျောင်းကို တက်ရောက်နေကြတဲ့ ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့က ၁၁ ဦး၊ ဒုတိယ အများဆုံးကတော့ ရက္ခိုင့်တပ်မတော် (AA) က ၈ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က ၂ ဦး၊ ချင်းအမျိုးသား တပ်ဦး (CNF) က ၂ ဦးပါဝင်ကာ စုစုပေါင်း ၂၃ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့ဖူးပါတယ်။

Photo Crd – Original Uploader
ပုံစာ – ဒီဇင်ဘာ ၁၇ရက်က လက်နက်ကြီးကျရောက်ပုံ
#voiceofmyanmar #VOM #လိုင်ဇာ

Related posts

Leave a Comment

VOM News

FREE
VIEW