(၃) ကြိမ်မြောက် ဓားပြတိုက်ခံရပြန်တဲ့ မန္တလေးမြို့က မောသစ်ရွှေဆိုင်

ဒီဇင်ဘာ ၂၀-၂၀၂၂
HK(VOM)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃-၆၄ လမ်းကြား ၁၄၀-၁၄၁ လမ်းကြားရှိ မောသစ်ရွှေဆိုင် နေအိမ်ရှေ့မှာ ဒီကနေ့မနက် ၇နာရီကျော်အချိန်ခန့်က ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံခဲ့ရတယ်လို့ ရဲနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

” ရွှေဆိုင်ကို ပို့မယ့် ရွှေထည်ပစ္စည်းတွေကို ခြင်းတောင်းနဲ့ထည့်လာပြီး ယာဥ်မောင်းဖြစ်သူက ကားပေါ်ကို တင်နေတဲ့အချိန် သေနတ် သုံးချက်ဖောက်ပြီး လုယူသွားတာပါ၊ ခန့်မှန့်တန်ဖိုး တပိသာခန့် ရှိမယ်”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင် ၂၄ရက်နေ့ကလည်း ၁၂၅လမ်း ၅၈နဲ့၅၉လမ်းကြားက မောသစ်ရွှေဆိုင်မှာ သေနတ်၂ချက်ပစ်ပြီး ဓားပြဝင်တိုက်ခံရတာကြောင့် ဝန်ထမ်းတဦး ဒဏ်ရာရာကာ ရွှေတပိသာကျော် ပါသွားတဲ့ဖြစ်စဥ် ဖြစ်ပွါးခဲ့ပါသေးတယ်။

ဒါ့အပြင် ၂၀၂၁ အောက်တိုဘာ ၁၇ရက် နေ့လယ်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနဲ့ ၁၃၄လမ်းထောင့် စက်မှုမြို့သစ်က မောသစ်ရွှေဆိုင်တဆိုင်မှာလည်း တန်ဖိုး ၁၀၀၀ကျော် ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရတာဖြစ်ခဲ့တာကြောင့် အခုတကြိမ်နဲ့ဆိုရင်၃ကြိမ်မြောက် ဓားပြတိုက်ခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #မောသစ်ရွှေဆိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW