ခရစ်စမတ် နဲ့ နှစ်ကူး အားလပ်ရက်အတွက် ဧရာဝတီတိုင်းက ကမ်းခြေတွေမှာ ဟိုတယ် ကြိုတင်မှာယူတဲ့သူ များပြားနေ

ဒီဇင်ဘာ၊ ၂၂-၂၀၂၂
MM(VOM)

ခရစ်စမတ် နဲ့ New Year အားလပ်ရက်တွေအတွက် ဧရာဝတီတိုင်းမှာရှိတဲ့ ချောင်းသာ ၊ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေတွေမှာ ဟိုတယ်အခန်းကြိုတင်
မှာယူတာတွေများပြားနေတယ်လို့ သိရပါတယ်။

ချောင်းသာ ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေက ဟိုတယ်တွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက် ဟိုတယ်အခန်း ကြိုတင်မှာယူတာတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းအသင်းတာဝန်ရှိသူ တဦးကပြောပါတယ်။

“ခရစ်စမတ်နဲ့ New Year အတွက်က ဟိုတယ်တွေ မှာ ဘိုကင်တွေပြည့်နေပြီ ၊ Back Side အားလုံး လောလောဆယ်မှာဆို ၉၀ ရာခိုင်နူန်းလောက်ပြည့်နေပြီ ၊ ဒီကနေ့လည်း ဧည့်သည်တွေရှိတယ် စနေ၊ တနင်္ဂနွေဆို ပိုများမှာ သေချာတယ် ၊ လက်ရှိ ကမ်းခြေတွေကိုလည်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ပြန်ဖွင့်ထားတာ၊ ဘိုကင်တွေကို ရန်ကုန်ဘက်က ယူထားတာများတယ်တဲ့ ။”လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီ့ ကမ်းခြေတွေက ဟိုတယ် ၊ မိုတယ် နဲ့ တည်းခိုရိပ်သာတွေကို စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့လုံခြုံရေးလုပ်ငန်းတွေကို ရဲတပ်ဖွဲ့ ၊ စစ်တပ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဟိုတယ်လုပ်ငန်းရှင်တွေ ၊ ဟိုတယ်ဝန်ထမ်းတွေ ၊ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ၊ ခရီးသွားလုပ်ငန်းအဖွဲ့ စတဲ့အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေကြပြီး လက်ရှိ ဟိုတယ်တွေမှာ အခန်း ကြိုတင်မှာယူတာ ပြည့်နေပြီလို့ ဟိုတယ်လုပ်ငန်းရှင် တဦးကပြောပါတယ်။

“အခု ကမ်းခြေတွေမှာ ဧည့်သည်တွေရှိပါတယ်၊ကမ်းခြေတွေက ဟိုတယ်တွေမှာ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေ လုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးထားတယ် ၊ ဟိုတယ်အခန်း ကြိုတင် မှာတာတွေကတော့ ပြည့်သလောက်ဖြစ်နေပြီ ၊ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်ဝန်ဆောင်မှုပေးနေတာပါ ၊ အခုဧည့်သည်တွေက တိုင်းအတွင်းကပါ ၊ အခန်းကြိုတင်ယူထားတာက ရန်ကုန်ဘက်ကများတယ် ၊ ဒီနေ့ ၂၂ ရက်နေ့ ညနေ ဘက်ကနေ စယူထားတာများတယ် ၊ ပြီးခဲ့တဲ့ တန်ဆောင်တိုင်နဲ့ သီတင်းကျွတ်ကာလထက် ဧည့်သည် ပိုများမယ် ထင်တယ်။”လို့ သူကဆက်ပြောပါတယ်။

ကမ်းခြေတွေ ၊ ဟိုတယ် ၊ မိုတယ်တွေ တည်ခိုပ်သာတွေ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်နေပေမဲ့ ကမ်းခြေအခြေပြု စီးပွားရေးလုပ်ငန်းတွေက ကျဆင်းနေဆဲဖြစ်ပြီး လျှပ်စစ်မီး မှန်မှန်မရတာက အစ အခက်အခဲတွေရှိနေတယ်လို့ ကမ်းခြေ စားသောက်ဆိုင်လုပ်ငန်းရှင်တဦးကပြောပါတယ် ။

”အခုလို အာလပ်ရက်လေးတွေက လွဲလို့ ကမ်းခြေမှာ အရောင်းအဝယ်က အရင်လို အဆင်မပြေပါဘူး ၊ စည်းကမ်းတွေကလည်း တင်းကျပ်ထားတယ် ၊ လူတိုင်းမရောင်းဖို့ စနစ်တကျ စစ်ဆေး လက်ခံရောင်းဖို့ပါ ၊ လျှပ်စစ်မီးကလည်း ရတဲ့အချိန်နဲ့ မရတဲ့ အချိန်က များနေတယ် ၊ ချက်တဲ့ ပြုတ်တဲ့ လုပ်ငန်းမှာက လျှပ်စစ်မီးက အဓိကလေ ၊ မီးကသာ မှန်မှန်မရတာ ၊ မော်တာကလည်း အော်တိုပေးနေရတာပဲ ၊ မီးမရတဲ့အခါ ဂတ်စ်နဲ့ သုံးရတာများတော့ အဆင်မပြေဘူး ။”လို့ သူက ဆက်ပြောပါတယ်။

ကမ်းခြေတွေမှာ လုပ်ငန်းလိုင်စင် ထုတ်ပေးထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ အလုံးရေ ၁၂၀အထိ ရှိပြီး ပုသိမ်မြို့နဲ့ တခြားဒေသများမှာ ၄၆ လုံး၊ ငွေဆောင်ကမ်းခြေမှာ ၃၅ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေမှာ ၃၉ လုံးရှိတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ ၊ ငွေဆောင် နဲ့ရွှေသောင်ယံစတဲ့ ကမ်းခြေတွေကို ပြည်ပ ခရီးသွားဧည့်သည် ၃၉၄၈ ယောက် အပါအဝင် အခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ ခရီးသည် ၅၃၀ ၄၇၂ ယောက်အထိ ဝင်ရောက်ခဲ့တယ်လို့ တိုင်းဒေသကြီး ဟိုတယ်နဲ့ ခရီးသွာညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW