ချောင်းအစပ်မှာရှိတဲ့ သစ်ပင်တွေ ရေသွားလောင်းတဲ့ မိခင်နဲ့ ကလေး ၂ ဦး ရေနစ်သေဆုံး

ဒီဇင်ဘာ၊၂၃-၂၀၂၂
MM(VOM)

ချောင်းအစပ်မှာရှိတဲ့ အိမ်ဥယျာဉ်ခြံထဲက သစ်ပင်တွေကို ရေသွားလောင်းတဲ့ မိခင်နဲ့ အသက် ၃ နှစ်အရွယ်ကလေး ၁ ယောက် အပါအဝင် ၃ ယောက်ရေနစ်သေဆုံးမှု မနေ့ ဒီဇင်ဘာ ၂၂ရက် ညပိုင်းက ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ရေနစ်သေဆုံးသူ မိသားစုဝင် ၃ ယောက်ဟာ ကုလားဘာကျေးရွာအပြင် ချောင်းနံဘေးမှာရှိတဲ့ ဥယျာဉ်ခြံမြေအတွင်း သစ်ပင်တွေကို ရေသွားလောင်းရင်း
ရုတ်တရက် ချောင်းထဲကို ပြုတ်ကျပြီး ရေနစ်သေဆုံးတာလို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။

”သက်ဆိုင်ရာကလည်း ရေနစ် သေဆုံးတာလို့ ဒီလိုပဲ မှတ်ချက်ပေးပါတယ် ၊ ရေနစ်သေဆုံးသွားသူတွေက မိခင်ဖြစ်သူ ဒေါ်မဖြူတင် အသက် ၃၈ နှစ်ရယ် ၊သမီးကြီးဖြစ်သူ အသက် ၁၅ နှစ် အရွယ် ၉ တန်းကျောင်း သူရယ် ၊ သမီးငယ်ဖြစ်သူ အသက် ၃ နှစ်အရွယ်ရှိသူတို့ပါ ၊ လက်ရှိ ရေနစ် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေအားလုံး ပြန်ရပါပြီ”လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း ကျောက်ဖြူ သမ္ဗာန်ချောင်း ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ယောက်နဲ့ အသက် ၁၀ နှစ်ရွယ် ၁ ယောက် ရေဆင်းကူးရာကနေ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

Photo- Credit- Soe Min
#voiceofmyanmar #VOM #ကျောက်ဖြူ

Related posts

Leave a Comment

VOM News

FREE
VIEW