ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ထောင် ၇ နှစ် ထပ်ချခံရ

ဒီဇင်ဘာ ၃၀-၂၀၂၂
KT(VOM)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ဒီကနေ့ နေပြည်တော်မှာ ထောင် ၇ နှစ်စီး ထပ်မံချမှတ်ခံလိုက်ရတယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု(၅)မှုမှာ (၄)မှုအတွက် (၁)မှုကို ထောင်ဒဏ် ၃ နှစ်စီနဲ့ ၁၂ နှစ်ကို တစ်ပေါင်းတည်းကျခံစေဖို့ ချမှတ်လိုက်တာဖြစ်လို့ စုစုပေါင်း ၃ နှစ် တစ်ခါ၊ ရဟတ်ယာဥ် ဝယ်ယူမှု တစ်မှုအတွက် (၄)နှစ် သီးခြားစီကျခံစေလို့ ချမှတ်ထားတာကြောင့် စုစုပေါင်း အမှု(၅)မှုအတွက် ထောင် ၇ နှစ် ထပ်မံချမှတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ ဦးဝင်းမြင့်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နည်းတူ အမိန့်တွေချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးတုံ့ပြန်ဖို့ ရည်ရွယ်ပြီး အီတလီထုတ်ရဟတ်ယာဥ် တစ်စီးကို ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့တာကြောင့် နိုင်ငံပိုင်ငွေကြေးတွေ နစ်နာဆုံးရှုံးရတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားစွဲထားတဲ့အမှုတွေ ဖြစ်ပါတယ်။

ဒီအမှုတွေဟာ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးကို အဂတိကော်မရှင်က အဂတိမှုနဲ့တိုင်ကြားချက်အပေါ် စစ်ဆေးရာကနေ သမ္မတနဲ့အတိုင်ပင်ခံကိုပါ ထပ်မံတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး ဦးဝင်းမြင့်ကတော့ အမှု ၈ မှုနဲ့ စုစုပေါင်း ထောင် ၁၂ နှစ်အထိ ချမှတ်ခံထားရပြီဖြစ်ပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #ထောင်၇နှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW