အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးကြောင့် ဥဇဘက်ကစ္စတန်မှာ ကလေးငယ် ၁၈ ဦး သေဆုံး

တာ့ရ်ှကင့်၊ ဒီဇင်ဘာ-၃၀-၂၀၂၂
မျိုးဆက်(VOM)

ဥဇဘက်ကစ္စတန်နိုင်ငံမှာ အိန္ဒိယဆေးကုမ္ပဏီ မာရီယန်ဘိုင်အိုတက်ခ်ျမှထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေးရည်သောက်ဆုံးမှုကြောင့် ကလေးငယ် ၁၈ ဦးထက်မနည်းသေဆုံးသွားကြောင်း ဥဇဘက်ကစ္စတန်ကျန်းမာရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီချောင်းဆိုးပျောက်ဆေးရည်မှာ ဘေးဥပါဒ်ဖြစ်စေတဲ့ အီသလင်းဂလိုင်ကောဓါတ် ပါ၀င်ကြောင်း ပဏာမစမ်းသပ်မှုမှာ တွေ့ရှိခဲ့တယ်လို့ ဥဇဘတ်ကစ္စတန်ကျန်းမာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Dok-1 Max ချောင်းဆိုးပျောက်ဆေးရည်ကို ဆရာ၀န်ညွှန်ကြားချက်မပါဘဲ ကလေးငယ်တွေ သောက်ဆုံးခဲ့ပြီး သောက်သုံးတဲ့ ပမာဏဟာ ကလေးငယ်တွေ သောက်သုံးသင့်တဲ့ ပမာဏထက် ကျော်လွန်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂမ်ဘီယာနိုင်ငံမှာ အခြားအိန္ဒိယဆေးကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေးကြောင့် ကလေးငယ်တွေ သေဆုံးမှုဖြစ်ပွားပြီးနောက် ဥဇဘတ်ကစ္စတန်နိုင်ငံမှာလည်း အလားတူဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယကျန်းမာရေးတာ၀န်ရှိသူတွေဟာ ဥဇဘက်ကစ္စတန်အမျိုးသားဆေးဝါး ကွပ်ကွဲရေးတာ၀န်ရှိသူတွေနဲ့ ဒီဇင်ဘာ ၂၇ ရက်ကတည်းက ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း အိန္ဒိယ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #တာ့ရ်ှကင့်

Related posts

Leave a Comment

VOM News

FREE
VIEW