ဟင်္သာတမြို့က မူလတန်းပြကျောင်းဆရာ သေဒဏ် ချမှတ်ခံရ

ဒီဇင်ဘာ၊၃၁-၂၀၂၂
MM(VOM)

သတင်းပေးလို့နာမည်ထွက်သူတဦး အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ အဖမ်းခံရတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က မူလတန်းပြကျောင်းဆရာ ကိုကောင်းခန့်ကျော်ဟာ မနေ့ ဒီဇင်ဘာ ၃၀ရက်က သေဒဏ် အမိန့်ချမှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ကျောင်းဆရာကို ကောင်းခန့်ကျော်ကို ၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလထဲက သပြေကုန်းရွာ၊ သတင်းပေးလို့နာမည်ထွက်တဲ့ ဦးဝင်းညွန့်အောင်(ခ) ဂျပ်ကြီးကို အသတ်ရတဲ့ဖြစ်စဉ်မှာ ပါဝင်တယ်ဆိုပြီး သက်ဆိုင်ရာက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဖမ်းခံရပြီးနောက် ဟင်္သာတခရိုင်တရားရုံးမှာ ပုဒ်မ ၃၀၂ (၁) ခ ၊ ၅၀ (စ) ပုဒ်မတွေနဲ့ အမှုစွဲဆိုခံခဲ့ရပြီး ဟင်္သာတခရိုင်တရားရုံးက အခုလို အချိန်တနှစ်ကျော်အကြာ မနေ့ ဒီဇင်ဘာ ၃၀ ရက်က သေဒဏ်ချမှတ်ခံခဲ့ရတာလို့ တရားလွှတ်တော်ရှေ့နေ တယောက်ကပြောပါတယ်။

”ကျောင်းဆရာက မြန်အောင်မြို့နယ်မှာ တာဝန်ကျခဲ့သူပါ ၊ စစ်တပ်နဲ့ နီးစပ်တဲ့သူ အသတ်ခံရတဲ့ဖြစ်စဉ်မှာ ပါဝင်တယ်ဆိုပြီး အဖမ်းခံခဲ့ရတာ၊ ဒီလောက်ကြီးလေးတဲ့ ပြစ်ဒဏ်ချမယ်လို့ မထင်ဘူး ၊ မနေ့က ဟင်္သာတခရိုင်တရားရုံးက အမိန့်ချတာ ၊ စဖမ်းသွားတုန်းက သံသယနဲ့ ဖမ်းသွားတာ ၊ လူသတ်တဲ့ အလုပ်ကို လုပ်မယ့်အထဲလည်း မပါတဲ့ ဆရာတဦးပါ၊ သေဒဏ်သာ အချခံရတာ လူသက်သေ ၊ ပစ္စည်းသက်သေတွေလည်း တရားရုံးမှာ ကွက်ကွက် ကွင်းကွင်း မတင်ပြနိုင်ဘူး ၊အခု သူက လူငယ်ဆိုတော့ ကျန်းမာပါတယ် ။”လို့ သူကဆက်ပြောပါ တယ်။

အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ မူလတန်းပြဆရာ ကိုကောင်းခန့်ကျော်ဟာ မြန်အောင်မြို့နယ် ၊သပြေကုန်းရွာဇာတိသားဖြစ်ပြီး မြန်အောင်မြို့နယ် ထိပ်ပုတ်ကုန်းကျေးရွာ အ.ထ.က(ခွဲ)ကျောင်းမှာ မူလတန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ဦးကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်ပြီးနောက် ဟင်္သာတအကျဉ်းထောင်ကနေထုတ်ပြီး ပုသိမ်အကျဉ်းထောင်ကို လုံခြုံရေး အများအပြားနဲ့
မနေ့ကပဲ နေ့ချင်းရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက် ဧရာဝတီတိုင်းမှာ ကျောင်းဆရာ တယောက် သေဒဏ် အမိန့်ချမှခံရတာ ပထမဆုံးဖြစ်တယ်လို့ တရားရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဟင်္သာတ

Related posts

Leave a Comment

VOM News

FREE
VIEW