မြန်မာ – အိန္ဒိယနယ်စပ်မှာ ငွေလွှဲလုပ်ကိုင်သူ ၁ ဦး ပစ်သတ်ခံရပြီး ရူပီးငွေ သုံးသိန်းကျော် လုယက်ခံရ

နိုဝင်ဘာ ၂၅ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ် ၊ မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာ မနေ့ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ တဦး အသတ်ခံရပြီး ပိုက်ဆံတွေ လုယူသွားတယ်လို့ တမူးမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၅ နာရီခွဲဝန်းကျင်မှာ ကိုရာဂျူးဆိုသူက ငွေလွှဲပိုက်ဆံတွေနဲ့ တမူးကနေ နန်းဖာလုံဘက်ကို ပြန်သွားတယ် ၊ အိမ်ပြန်ရောက်မလာပဲ လမ်းမှာပျောက်နေတာဖြစ်တယ် ၊ ဒီကနေ့ မနက်ပိုင်းမှာ ကိုရာဂျူးရဲ့ ရုပ်အလောင်းကို ကျွန်းပင်ကုန်းနားမှာ တွေ့ရပြီး ကျည်ဆံဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ် ” လို့ တမူးမြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ တွေ့ရတယ်ဆိုတဲ့ ကိုရာဂျူရဲ့ ရုပ်အလောင်းကို…

Read More

ပုသိမ်မှာ ချစ်သူစုံတွဲကို သတ်ပြီး လက်ဝတ်ရတနာတွေ လုယက်တဲ့ အမျိုးသား၂ ဦးကို သေဒဏ်ချ

နိုဝင်ဘာ၊၂၅-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ပုသိမ်မြို့၊ ပုသိမ်ကြိုး တံတားအောက်မှာ စကားပြောနေတဲ့ ချစ်သူစုံတွဲကို သတ်ပြီး ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေနဲ့ အခြားပစ္စည်းတွေကို လုယက်ယူသွားတဲ့ အမျိုးသား ၂ ယောက်ကို သေဒဏ်ချမှတ်လိုက်ပြီး ပစ္စည်းတွေ ရောင်းပေးတဲ့ အမျိုးသမီး ၁ ယောက်ကိုလည်း ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။ တရားခံ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို အချိန် ၂ နှစ်နီးပါးစစ်ဆေးပြီး မနေ့ နိုဝင်ဘာ ၂၄ ရက်က ပုသိမ် တရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့တာလို့ သိရပါတယ်။ ”မနေ့ ၂၄ ရက်က ပြစ်ဒဏ်ချမှတ်တာ ၊ ပုသိမ် တရားရုံးက အမိန့်ချတာပါ ၊အမျိုးသား တရားခံ အမျိုးသား ၂…

Read More

တောင်ကိုရီးယား ကုန်တင်ကားသမားတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်နေ

ဆိုးလ်၊နို၀င်ဘာ-၂၅-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ ကုန်တင်ကားသမားတွေရဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်ဆင်နွှဲနေမှုကို အစိုးရက ဖြိုခွင်းဖို့လုပ်ဆောင်နိုင်ကြောင်း သမ္မတယွန်းဆွတ်ခ်ယိုးလ်က နို၀င်ဘာ ၂၅ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ အခုလို သပိတ်မှောက်တာဟာ စီးပွားရေးအကျပ်အတည်းကာလအတွင်း ထောက်ပံ့ရေးကွင်းဆက် ပျက်ပြားစေတာကို အသုံးချတဲ့ လက်မခံနိုင်ဖွယ်အပြုအမူဖြစ်ကြောင်း သမ္မတယွန်းဆက်ခ်ယိုးလ်က ပြောပါတယ်။ အစိုးရနဲ့ ကုန်တင်ကားသမားတွေအကြား ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ဖို့ သဘောတူထားပေမယ့်လည်း နေ့ရက်အတိအကျသတ်မှတ်ရခြင်းမရှိသေးကြောင်း တောင်ကိုရီးယား ပို့ဆောင်ရေး၀န်ကြီးကပြောပါတယ်။ တောင်ကိုရီးယားမှာ ပို့ဆောင်ရေးလုပ်သား လေးသိန်းနှစ်သောင်းကျော်ရှိရာ သပိတ်မှောက်ရာမှာ နှစ်သောင်းငါးထောင်ကျော် ပါ၀င်ကြောင်း တာ၀န်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ပိုမိုကောင်းမွန်တဲ့ လုပ်ခလစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေနဲ့ ပတ်သက်ပြီး တောင်းဆိုနေတဲ့ ကုန်တင်ကားသမားတွေရဲ့ ဒုတိယအကြိမ်မြောက် သပိတ်ဟာ နို၀င်ဘာ ၂၄ ရက်မှာ စတင်ခဲ့ပြီး နှစ်ရက်မြောက်ရှိလာပြီဖြစ်ပါတယ်။ ကုန်တင်ကားသမားတွေရဲ့ သပိတ်မှောက်မှုကြောင့် ကမ္ဘာ့ပေါ်မှာ စီးပွားအင်အားကြီး အဆင့် ၁၀ မှာရပ်တည်နေတဲ့ တောင်ကိုရီးယားရဲ့ထောက်ပံ့ရေးကွင်းဆက်တွေအပေါ် အနှောက်အယှက်ဖြစ်ခဲ့ပြီး မော်တော်ကားထုတ်လုပ်သူတွေ၊…

Read More

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ထောင်ဒဏ် ၂ နှစ် ထပ်တိုးအမိန့် ချမှတ်ခံရ

နိုဝင်ဘာ ၊ ၂၅ ၊ ၂၀၂၂ SP( VOM) ရန်ကုန် အင်းစိန် အကျဥ်းထောင်မှာ ပုဒ်မ ၅၀၅ – က အရ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့် ကို မနေ့ နိုဝင်ဘာ ၂၄ ရက်က နောက်ထပ် ၅၀၅ – က အမှုအတွက် ထောင်ဒဏ် ၂ နှစ် ထပ်တိုး အမိန့်ချမှတ်လိုက်တယ်လို့ ရန်ကုန် သတင်းစာဆရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဗဟန်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ – က အမှုအတွက် ထပ်တိုးပြစ်ဒဏ် ၂ နှစ်ကို မနေ့က အင်းစိန် အကျဥ်းထောင် အထူးတရားရုံးက ချမှတ်ခဲ့တာဖြစ်တယ် ၊ အရင် အမှုက…

Read More

မလေးရှား၀န်ကြီးချုပ်သစ်အဖြစ် အတိုက်အခံဝါရင့်နိုင်ငံရေးသမား အန်ဝါအီဘရာဟင် ခန့်အပ်ခံရ

ကွာလာလမ်ပူ၊ နို၀င်ဘာ-၂၅-၂၀၂၂ မျိုးဆက်(VOM) မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီးနောက် ရက်အတန်ကြာချိန်ထိ နိုင်ငံရေးအကြပ် ရိုက်နေခဲ့ပြီးနောက်မှာ ဝါရင့်အတိုက်အခံနိုင်ငံရေးသမား အန်ဝါအီဗရာဟင်ကို ၀န်ကြီးချုပ်အဖြစ် နို၀င်ဘာ ၂၄ ရက်မျာ ခန့်အပ်လိုက်ပြီး နို၀င်ဘာ ၂၄ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ရွေကောက်ပွဲမှာ မစ္စတာအန်ဝါနဲ့ ၀န်ကြီးချုပ်ဟောင်း မူဟစ်ဒင်ယက်ယာဆင်တို့ဟာ အစိုးရဖွဲ့ဖို့အတွက် လိုအပ်တဲ့ အများစုအနိုင်ရရှိခြင်းမရှိခဲ့တာကြောင့် ၀န်ကြီးချုပ်သစ်ကို မလေးရှားဘုရင် ဆူလ်တန်အဗ္ဗဒူလာက ရွေးချယ်ခန့်အပ်လိုက်တာဖြစ်ပါတယ်။ မလေးရှားတော်၀င်နန်းတော်ရဲ့ သဘောထားအမြင်တွေကို ထည့်သွင်းစဉ်းစားပြီးနောက်မှာ မလေးရှားဘုရင်သဟာ အန်ဝါအီဘရာဟင်ကို မလေးရှားနိုင်ငံရဲ့ ၁၀ ဦးမြောက်၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သဘောတူခဲ့ကြောင်း ဘုရင့်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၀န်ကြီးချုပ်အဖြစ်ရရှိသော လုပ်ခလစာကို စွန့်လွှတ်မှာဖြစ်ပြီး အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ကာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးဖို့ အဓိကအာရုံစိုက်သွားမယ်လို့ ၀န်ကြီးချုပ်သစ် အန်ဝါအီဘရာဟင်က ကတိပြုပြောဆိုပါတယ်။ အသက် ၇၅ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မစ္စတာအန်ဝါဟာ ၁၉၉၀…

Read More

ဖလမ်းမြို့နယ် ဗားရ်ရဲစခန်းက ရဲအုပ် တယောက် သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး သေဆုံး

နိုဝင်ဘာ ၊ ၂၅ ၊ ၂၀၂၂ SP (VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့ ၊ ဗားရ်ကျေးရွာမှာရှိတဲ့ ဗားရ်ရဲကင်းစခန်းမှာ စခန်းမှူးတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိဖြစ်သူဟာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်လောက်က သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်ပြီး သေဆုံးသွားတယ်လို့ ဖလမ်းမြို့ခံတွေဆီက သိရပါတယ်။ “ဒီမနက် ၅ နာရီခွဲဝန်းကျင်မှာ ဗားရ်ရဲစခန်းမှူး ရဲအုပ် ရဲမင်းထက် အသက် ၄၂ နှစ်ဆိုသူဟာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်ပြီး သေသွားတယ် ၊ အဲ့ဒါကြောင့် သူ့အလောင်းကို ဒီမနက်ပိုင်းက ဖလမ်းပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ် “လို့ ဖလမ်းဒေသခံ တယောက်က ပြောပါတယ်။ ဒါ့အပြင် ဗားရ်ကျေးရွာနေ ဒေသခံတယောက်က ” ဒီမနက် သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်​သေသွားတဲ့ ရဲအုပ် ရဲမင်းထက်…

Read More

ထီးလင်းမြို့နယ် ဝါးရင်းချိုင်ရွာမှာ လူနေအိမ် ၃၀ ကျော် မီးရှို့ခံရ

နိုဝင်ဘာ ၊ ၂၅ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ဝါးရင်းချိုင်ကျေးရွာမှာရှိတဲ့ လူနေအိမ် ၃၀ ကျော်ဟာ မနေ့ နိုဝင်ဘာ ၂၄ ရက်က မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မီးရှို့ဖျက်ဆီးခံရတာပါ ၊ မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ် ၃၄ လုံးရှိတယ် ၊ ရွာမှာက လူနေအိမ်ခြေ ၆၁ အိမ်ပဲရှိတာဆိုတော့ ရွာတဝက်လောက် မီးလောင်သွားတာဖြစ်တယ် ၊ အခုလ ၂၀ ရက်ကစလို့ စစ်ကြောင်းတွေ လာတယ်ဆိုလို့ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ် ၊ ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာ မသိရဘူး”လို့ ဝါးရင်းချိုင်ရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီလို မီးရှို့ခံရတာနဲ့ ပတ်သက်လို့ ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က” ဝါးရင်းချိုင်ရွာနားမှာ…

Read More

ရာသီဥတုနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဝဥဈေးကွက်ပျက်နေ

နိုဝင်ဘာ ၂၅ – ၂၀၂၂ SN (VOM) လက်ရှိမှာ ရာသီဥတုကြောင့် ဝဥစိုက်ခင်းတွေ ပျက်စီးသလို တိုက်ပွဲတွေဖြစ်နေကြောင့်လည်း စိုက်ခင်းတွေကို စွန့်ပစ်ခဲ့ရတဲ့အတွက် ထုတ်လုပ်မှုနည်းကာ ဆုံးရှုံးမှုတွေရှိနေပြီး စျေးကွက်ပျက်နေတယ်လို့ သိရပါတယ်။ “မိုးကမပြတ် ရွာနေတော့ အခင်းတွေပျက်စီးတယ်။ တချို့ကျ တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရတာကြောင့်လည်း အခင်းတွေကို ဒီအတိုင်းထားခဲ့ရတာရှိတယ်။ အကုန်လုံးလိုလိုက စစ်ရှောင်စခန်း ရောက်နေကြတော့ မခူးဆွတ်နိုင်ကြဘူး။ ပြီးတော့ ကုန်သွယ်ရေးစနစ် အခက်အခဲကြောင့် တရုတ်ဘက်ကလည်း အဝယ်မရှိတော့ဘူး။ ဈေးကွက်ပျက်နေတယ်”လို့ ချင်းပြည်နယ်မှ ဝဥစိုက်တောင်သူတဦးက ပြောပါတယ်။ ပြည်တွင်းကထွက်ရှိတဲ့ ဝဥခြောက်ကို တရုတ်နိုင်ငံက အဓိက ဝယ်ယူနေတာဖြစ်ပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ရဲ့ ကုန်သွယ်မှုစနစ် ဖြေလျော့လာမှသာ ဈေးကွက်အနေအထား ပြန်ကောင်းလာနိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။ ”ပို့ကုန်၊ သွင်းကုန် မူဝါဒစနစ်တွေက အမျိုးမျိုးပြောင်းနေတော့ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုက အခက်အခဲရှိတယ်။ တဆင့်ချင်း ပြန်ပြီးဖြေလျော့ပေးမယ်ဆိုရင်တော့ လုပ်ရကိုင်ရ…

Read More

NLD လွှတ်တော်ကိုယ်စားလှယ် ၃ဦးနဲ့ ရွေး/ကော်အဖွဲ့ဝင် ၁ ဦး ထောင်ဒဏ် နှစ်၂၀ စီ ထပ်ချခံရ

နိုဝင်ဘာ၊၂၄-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီး၊ထောင်ဒဏ်ချမှတ်ခံထားရတဲ့ NLDလွှတ်တော်ကိုယ် စားလှယ် ၃ ယောက်နဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦးကို မနေ့က ထောင်ဒဏ်အနှစ် ၂၀ စီ ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။ ထောင်ဒဏ်ထပ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်ဟာ သာပေါင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦး ၊ဦးသန်းထွဋ်တို့ဖြစ်ပြီး ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်လှမိုး တို့ဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)အဖွဲ့ဝင်ဟာ ၂၀၂၁ခုနှစ် မေလထဲမှာ ပုဒ်မ ၅၀၅ နဲ့ထောင်ဒဏ်ချမှတ်ခံထားရ သူတွေဖြစ်ပြီး မနေ့က နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ ၁၄၄ တို့နဲ့ အကျဉ်းထောင်အတွင်းတရားရုံးကနေ ထောင်ဒဏ်နှစ် ၂၀ ထပ်မံချမှတ်ခံခဲ့တာလို့ ရှေ့နေ အသိုင်း…

Read More

ယူကရိန်း ဇာပိုရစ်ဇီယာစက်ရုံမှာ နျူကလီးယားမတော်တဆမှုဖြစ်ပွားနိုင်ကြောင်း ရုရှားသတိပေး

  မော်စကို၊ နို၀င်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) ဥရောပရဲ့ အကြီးဆုံးနျူကလီးယားဓါတ်အားပေးစက်ရုံဖြစ်တဲ့ ဇာပိုရစ်ဇီယားစက်ရုံမှာ နျူကလီးယား မတော်တဆမှုဖြစ်ပွားနိုင်ကြောင်း ရုရှားအစိုးရရဲ့ အဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲက နို၀င်ဘာ ၂၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ အဲဒီနျူကလီးယားစက်ရုံကို ရုရှားကမတ်လအတွင်း သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး စက်ရုံနယ်မြေအနီးမှာ လက်နက်ကြီးပစ်ခတ်မှုတွေဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ရုရှားနှင့်ယူကရိန်းတို့က အပြန်အလှန် စွပ်စွဲပြစ်တင်နေကြပါတယ်။ နို၀င်ဘာ ၂၀ ရက်ကလည်း လက်နက်ကြီးတွေကျရောက်ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြိီးနောက် စက်ရုံမှာ နျူကလီးယားမတော်တဆမှုဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ ဇာပိုရစ်ဇီယားနျူကလီးယားဓါတ်အားပေးစက်ရုံမှာ နျူကလီးယားမတော်တဆမှု ဖြစ်ပွားနိုင်ခြေရှိနေပြီး ဒီကိစ္စအပေါ် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ( အိုင်အေအီးအေ)နဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ရုရှားအဏုမြူစွမ်းအင် အေဂျင်စီအကြီးအကဲ အလက်ဇီလစ်ခါချော့ဗ်က ပြောပါတယ်။ ယူကရိန်းအနေနဲ့ အဆိုပါစက်ရုံမှာ အသေးစားနျူကလီးယားမတော်တဆမှုဖြစ်ပေါ်စေဖို့ ဆန္ဒရှိနေကြောင်း သူကပြောပါတယ်။ အိုင်အေအီးအေတော့ နျူကလီးဓါတ်အားပေးစက်ရုံ၀န်းကျင်မှာ ဘေးကင်းဇုန်တခု ဖန်တီးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။ Ref: Reuters #voiceofmyanmar #VOM #မော်စကို

Read More
VOM News

FREE
VIEW