နိုဝင်ဘာ ၂၂-၂၀၂၂ GG (VOM) ရန်ကုန်က အလွတ်တန်းသတင်းထောက် မသူဇာကို ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မှာ အင်းစိန်ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ မသူဇာကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ က နဲ့အမှုဖွင့်ကာ တစ်နှစ်ကျော် အကြာမှာ အမိန့်ချလိုက်တာဖြစ်ပါတယ်။ ” ဒီနေ့အမိန့်ချလိုက်တာ ဟုတ်တယ်၊အလုပ်ကြမ်းလည်းပါတယ်ပြောတယ်။ကျနော်တို့ သိရသလောက်ကတော့ မသူဇာက သတင်းအလုပ်လုပ်ရင်း ဖမ်းခံခဲ့ရတာ ၊ ချုပ်ရက်တွေ ခံစားခွင့်ပြုမယ်လို့လည်းသိရတယ် “လို့ မသူဇာရဲ့မိတ်ဆွေသတင်းသမားတဦးကပြောပါတယ်။ သတင်းထောက် မသူဇာကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ၂၉ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့မရဲစခန်းကနေ နိုင်ငံတော်ဆူပူမှုဖြစ်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက် အမျိုးသားနေ့က…
Read MoreYear: 2022
သမိုင်းဝင် ဗိုလ်ဗထူးလမ်း
ဆူးငှက် “၈၄”လမ်းအတိုင်း ဘတ်စ်ကားစီးသွားတိုင်း“စာတိုက်ကွေ့ပါတယ်၊ စာတိုက်ကွေ့ပါတယ်”ဟူသော စပယ်ယာ ၏ အော်သံကိုကြားရ၏။ စာတိုက်ကွေ့မှတ်တိုင်က ၈၄ လမ်း၏တောင်ဘက်အစွန်မှာ ရှိသည်။ စာတိုက်ကွေ့ လွန်တော့ ၈၄ လမ်းက စစ်ကိုင်း-မန္တလေးလမ်းမကြီးအဖြစ် ကျောက်ဆစ်တန်းကွေ့ကြီးမှတစ်ဆင့် ပြောင်းလဲသွားသည်။ ၈၄ လမ်းကတော့ ဘုရားကြီး အနောက်မုခ်ဖြတ်ကာ သံထီးတန်းမှသည် ဟို တောင်ဘက် သားတော်ရဘုရား ဖြတ်ပြီး တမ္ပဝတီထိ ဆက်သွား၏။ တကယ်တော့ စာတိုက်ကွေ့သည် ကွမ်းခြံစာတိုက်ကို အစွဲပြုခေါ်သော အမည်ဖြစ်သည်။ ကွမ်းခြံတောင်ပြင် စာတိုက်ဟု လည်းခါ်၏။ အခုတော့ ကွမ်းခြံ စာတိုက်လည်း ထိုနေရာမှာ မရှိတော့။ ၄၁ လမ်းဘက်ပာင်းသွားပြီဖြစ်၏။ စာတိုက်ကွေ့က အရှေ့ဘက် တက်သွားသော လမ်းကို “ဗိုလ်ဗထူး”လမ်းဟုခါ်သည်။ မန္တလေးမှာက လမ်းနံပါတ်နှင့် မဟုတ်ဘဲ နာမည်တပ် ခေါ်သောလမ်းက များများစားစားမရှိ။ ထိုလမ်းများကိုလည်း မန္တလေးသား စစ်စစ်တွေလောက်သာ လမ်းနာမည်ကို သိနေကြသော်လည်း…
Read Moreပခုက္ကူ အမှတ် ၁၄ ရပ်ကွက်မှာ ၁ နှစ်အတွင်း တက်လာတဲ့ အုပ်ချုပ်ရေးမှူး ၂ ဦးစလုံး ပစ်သတ်ခံရ
နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၄ ရပ်ကွက်မှာ ၁ နှစ်အတွင်း တက်လာတဲ့ အုပ်ချုပ်ရေးမှူး ၂ ဆက်စလုံးဟာ ပစ်သတ်ခံထားရတယ်လို့ ပခုက္ကူမြို့နယ် ထွေ /အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့ နိုဝင်ဘာ ၂၂ ရက် မနက် ၇ နာရီဝန်းကျင်က ပခုက္ကူ အမှတ် ၁၄ ရပ်ကွက် ၊ ဘုမ္မရပ် ၊ အောင်သီရိလမ်းမှာနေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း ဆိုသူဟာ အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ လာပြီး ပစ်သတ်သွားတယ် ၊ အဲ့ဒီ အမှတ် ၁၄ ရပ်ကွက်မှာ ဦးမြင့်သိန်းရဲ့ အရင် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဒေါ်မိုးမိုးသင်း ဆိုသူဟာလည်း…
Read Moreအင်ဒိုနီးရှား ဂျာဗားကျွန်းငလျင် သေဆုံးသူ ၂၆၀ ကျော်ထိ မြင့်တက်လာ ၊ လူ ၁၅၀ ကျော်ပျောက်ဆုံး
ဂျကာတာ၊ နို၀င်ဘာ-၂၃-၂၀၂၂ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ နို၀င်ဘာ ၂၁ ရက်က အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်တွေလှုပ်ခတ်နေတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ကယ်ဆယ်ရေးသမားတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၄၀ ထိရှိကြောင်း အနောက်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ဒ်၀န်ကာမေးလ်က ပြောပါတယ်။ ငလျင်ကြောင့် ကလေးငယ်များစွာအပါအ၀င် လူ ၂၆၈ ဦးသေဆုံးခဲ့ပြီး လက်ရှိချိန်ထိ ၁၅၁ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ လူတထောင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့နဲ့ ငလျင်ဘေးသင့်သူတွေကို ကူညီဖို့ ကယ်ဆယ်ရေးသမား ရာပေါင်းမျာစွာကို ဖြန့်ကြက်ထားပြီး ကယ်ဆယ်ရေးကြိုးပမ်းမှုတွေမှာ လမ်းတံတားနဲ့ အဆောက်အအုံတွေ ပျက်စီးမှု၊ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်မှုတို့ကြောင့် အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။ နောက်ဆက်တွဲငလျင်ငလျင်ခတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး နို၀င်ဘာ ၂၅ ရက်မှာ ရပ်တန့်သွားနိုင်ကြောင်းနဲ့ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေကိုသာ အာရုံစိုက်လုပ်ဆောင်နေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကာမေးလ်က ပြောဆိုထားပါတယ်။ Ref: BBC…
Read Moreရေး မြို့မရဲစခန်းမှူး နဲ့ တပ်ကြပ်ကြီးတဦး ပစ်သတ်ခံရ
နိုဝင်ဘာ ၂၃-၂၀၂၂ GG (VOM) မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းက စခန်းမှူးဒုရဲမှူး နဲ့ ရဲတပ်ကြပ်ကြီးတို့ကို ရေးမြို့နယ်၊ တူးမြောင်းအုပ်စု၊ ကျုံးလောင်းရွာသစ်အနီး တံတားအကျော်မှာ သေနတ်နဲ့ပစ်သတ်ကာ ကားကိုပါမီးရှို့ခံရမှု ဒီနေ့နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံရသူတွေက စခန်းမှူးဒုရဲမှူး လှဌေးနဲ့ ရဲတပ်ကြပ်ကြီး ဘဟိန်းတို့ဖြစ်ကြောင်း၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခံရပြီး ကားကိုပါမီးရှို့ခဲ့တာဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက အတည်ပြုပြောဆိုပါတယ်။ ” မနက် ၈ နာရီ၂၀လောက်မှာ တူးမြောင်းအုပ်စု၊ ကျုံးလောင်းရွာသစ်အနီး တံတားအကျော်မှာ စခန်းမှူးရဲ့ကား အပစ်ခံရတယ်။ ၄၀ မမ ၊ လက်နက်ငယ်နဲ့ပစ်ခံရတယ်။ နောက် ကားကိုပါ မီးရှို့သွားတယ်။ M 16 တလက်ပါသွားတယ်လို့ သတင်းရပါတယ် “လို့ ပြောပြပါတယ်။ စခန်းမှူးနဲ့တပ်ကြပ်ကြီးပစ်ခတ်ခံရပြီးနောက် ခရိုင်ရဲတပ်ဖွဲ့၊မြို့နယ်ရဲမှူးဦးဆောင်တဲ့ အဖွဲ့တွေက နယ်မြေစစ်ဆေးတာတွေ၊နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်နေတယ်လို့…
Read Moreဘုတ်ပြင်းမြို့မရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သား ၅ယောက် ထွက်ပြေးသွားမှုဖြစ်ပွါး
နိုဝင်ဘာ ၂၃ ၊ ၂၀၂၂ SP (VOM) တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်သားတွေထဲက ၊ အချုပ်သား ၅ ဦးဟာ မနေ့ နိုဝင်ဘာ ၂၂ ရက် ၊ မနက်အစောပိုင်းက ဖောက်ထွင်းထွက်ပြေးသွားတယ်လို့ ဘုတ်ပြင်းမြို့ခံတွေဆီက သိရပါတယ်။ ” ဘုတ်ပြင်းမြို့မရဲစခန်းမှာရှိတဲ့ အချုပ်ခန်းကို ဖောက်ပြီး အဲ့ဒီအချုပ်ခန်းထဲက အချုပ်သား ၅ ဦး ထွက်ပြေးသွားတာလို့ ကြားရတယ် ၊ ပြေးသွားတဲ့ အချုပ်သားတွေထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မနဲ့ အချုပ်ခံထားရသူ ၁ ဦး ၊ CDM လုပ်ပြီးနောက် ပြန်ဖမ်းမိထားတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း ၁ ဦး ပါဝင်တယ် “လို့ ဘုတ်ပြင်မြို့ခံ တယောက်က ပြောပါတယ်။ ဘုတ်ပြင်းမြို့မရဲစခန်းနဲ့ နီးစပ်သူ တယောက်က ” မနေ့က မနက်ပိုင်း…
Read Moreညောင်ဦး – ကျောက်ပန်းတောင်းလမ်းမှာ အိမ်စီးကား ၁ စီး တိမ်းမှောက် ၊ ၃ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ
နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၂ SP (VOM) မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ် ၊ ညောင်ဦး – ကျောက်ပန်းတောင်းလမ်းမှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက အိမ်စီးကား တစ်စီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ လူတွေအနက် သေဆုံး ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “ဒီကနေ့ ၊ နေ့လယ်ပိုင်း ၁၂ နာရီခွဲဝန်းကျင်မှာ ဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက ညောင်ဦး – ကျောက်ပန်းတောင်းလမ်း ၊ မိုင်တိုင်အမှတ် ၁၇ / ၅ နေရာမှာဖြစ်တယ် ၊ ဖြစ်ပွားပုံးက အိမ်စီးကား တစ်စီးက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာပါ ၊ ကားပေါ်မှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦး…
Read Moreအခွန်ရှောင်သူတွေအနေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ တရားစွဲခံရနိုင်
နိုဝင်ဘာ ၂၃ – ၂၀၂၂ SN (VOM) ပြည်တွင်းက အခွန်ရှောင်တိမ်းသူတွေအနေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ တရားစွဲခံရနိုင်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနကနေ သိရပါတယ်။ အခွန်ရှောင်တိမ်းမှု (Tax Evasion)ကို ကျူးလွန်ထားသူတွေဟာ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေအရ အရေးယူခံရမယ့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း ထပ်မံ တရားစွဲဆိုခံရနိုင်တယ်လို့ သိရပါတယ်။ “တရားစွဲမယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်လည်း ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ဆီမှာတော့ အခွန်ကတော့ ကမ္ဘာမှာ ပေးဆောင်မှုအနည်းဆုံး ဖြစ်နေတာပေါ့။ GDP ရဲ့ ၅ ရာခိုင်နှုန်းအောက်ကို ကျွန်တော်တို့ကနည်းတာပေါ့။ ဒီမှာက အများစုက အခွန်မဆောင်ဘူး။ ဒါကြောင့်လည်း ကားဝယ်၊ အိမ်ဝယ်ကို ဝင်ငွေရလမ်းဖော်ပြတဲ့ ၃ ရာခိုင်နှုန်းနဲ့ သွားနေကြတာပေါ့။ အခုကတော့ အရေးယူမယ်ဆိုတဲ့ ကိစ္စကတော့ ထွက်လာပြီ။ ကျန်တဲ့တိုင်းပြည်တွေမှာတော့ အခွန်နဲ့ပတ်သက်ပြီး တိတိကျကျကိုလုပ်တာ။ ၃ ရာခိုင်နှုန်းဆောင်ပြီး ကားဝယ်၊…
Read Moreဗာဂျီးနီးယားရှိ Walmart ကုန်တိုက်မှာ သေနတ်ပစ်ခတ်မှု လူ ၁၀ ဦးသေဆုံး
ဝါရှင်တန်၊ နို၀င်ဘာ-၂၃-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Chesapeake မြို့က Walmart ကုန်တိုက်တခုမှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဆိုင်မန်နေဂျာလို့ ယူဆရတဲ့အမျိုးသားတဦးက စျေး၀ယ်တွေကို သေနတ်နဲ့ပစ်ခတ်ပြီးနောက်မှာ ကိုယ့်ကိုကိုယ်လည်း သတ်သေသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုဟာ ဒေသစံတော်ချိန် ည ၁၀ နာရီကျော်မှာ ဖြစ်ပွားခဲ့ပြီး လူအများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပြီး ပစ်ခတ်မှုရဲ့ ရည်ရွယ်ချက်ကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။ နောက်ထပ်အစုလိုက်အပြုံလိုက်ပစ်ခတ်မှုသတင်းကြောင့် လွန်စွာတုန်လှုပ်ရကြောင်းနှင့် သေနတ်ကိုင် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးလုပ်ဆောင်သွားမယ်လို့ ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်တစ်လွှတ်တော်အမတ် မာ့ခ်ဝါနာကပြောပါတယ်။ အမေရိကန် ကော်လိုရာဒိုပြည်နယ်က လိင်တူချစ်သူကလပ်တခုမှာ မကြာသေးမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူငါးဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ Ref: BBC Photo:AP #voiceofmyanmar #VOM #ဝါရှင်တန်
Read Moreပြည်တွင်း ဒေါ်လာဈေး ပြန်လည် ကျဆင်းလာ
နိုဝင်ဘာ ၂၃ – ၂၀၂၂ SN (VOM) ဩဂုတ်လအတွင်းက တဒေါ်လာ ၄၅၀၀ ကျပ်အထိ စံချိန်တင် အတက်ကြမ်းခဲ့တဲ့ အမေရိကန်ဒေါ်လာ ငွေလဲဈေးနှုန်းဟာ နိုဝင်ဘာ ၁၂ ရက်နေ့ကစတင်လို့ တဒေါ်လာ ကျပ် ၃၀၀၀ အောက်ကို ဆက်တိုက် ပြန်လည် ကျဆင်းလာနေတယ်လို့ ငွေကြေးစျေးကွက်အတွင်းက သိရပါတယ်။ အခုလို ပြည်တွင်းငွေလဲနှုန်း ပြန်လည် ကျဆင်းလာတာဟာ ကမ္ဘာ့ရေနံဈေးနှုန်း အကျဘက် ရောက်လာခြင်း၊ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာခြင်းတို့နဲ့ သက်ဆိုင်နေတယ်လို့ ငွေကြေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ “ဒေါ်လာဈေးက နိုဝင်ဘာ ဒုတိယပတ်လောက်ကတည်းက တဖြည်းဖြည်း ပြန်ကျနေတာ။ ကမ္ဘာ့ရေနံဈေးလည်း အကျဘက်ရောက်နေတယ်။ နောက် အမေရိကန်ဗဟိုဘဏ်ရဲ့ ဘဏ်တိုးနှုန်းကလည်း မူဝါဒ အပြောင်းအလဲတွေရှိနေတော့ အဲ့ဒါကြောင့် ပြည်တွင်းက ဒေါ်လာဈေးတွေ တအိအိနဲ့ ပြန်ကျနေတာပါ” လို့ ငွေကြေးကျွမ်းကျင်သူတဦးက ပြောပါတယ်။ ဒါ့အပြင် ယွမ်နဲ့…
Read More