လုံခြုံရေးအကျပ်အတည်းနဲ့ ပိုရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်ကို မြောက်ကိုရီးယားသတိပေး

ပြံးယမ်း၊ နို၀င်ဘာ-၂၃-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ မကြာသေးမီက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့တဲ့ အပေါ် ပြစ်တင်ရှုတ်ချဖို့ ကုလသမဂ္ဂကို အမေရိကန်ကတွန်းအားပေနေချိန်မှာပဲ အမေရိကန်အနေနဲ့ ပိုမိုဆိုးရွားတဲ့ လုံခြုံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယားက နို၀င်ဘာ ၂၂ ရက်မှာ သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယားက တားမြစ်ထားတဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့အခြားသော မတည်မငြိမ်လုပ်ဆောင်မှုတွေကို ရှုတ်ချကြောင်း အမေရိကန်သံအမတ်ကြီး လင်ဒါသောမက်စ်ဂရင်းဖီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားရဲ့ သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယား လက်နက်ဖြုတ်သိမ်းရေးအတွက် ဘယ်လိုပဲကြိုးစားပါစေ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို စွန့်လွှတ်မှာမဟုတ်ဆိုတာကို အမေရိကန်အနေနဲ့ သတိချပ်သင့်ကြောင်း၊ မြောက်ကိုရီးယားဆန့်ကျင်တဲ့ လုပ်ရပ်တွေဆက်လက်လုပ်ဆောင်မယ်ဆိုရင် ပိုမိုဆိုးရွားတဲ့ လုံခြုံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးပြောဆိုပါတယ်။ နို၀င်ဘာ ၂၁ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားအရေး အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးနောက် မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်အပေါ် ကန့်သတ်ဖို့လုပ်ဆောင်မှုကို ထောက်ခံတဲ့နိုင်ငံ ၁၄ နိုင်ငံက ပူးတွဲကြေညာချက်တရပ်ထုတ်ပြန်ခဲ့ပါတယ်။…

Read More

ပုလောမြို့နယ်မှာ ကား ၂ စီး ပစ်ခတ်ခံရလို့ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူ ၊ ယောဂီ ၃ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၃-၂၀၂၂ SP (VOM) တနင်္သာရီတိုင်း ၊ ပုလောမြို့နယ် ၊ ကဒဲကျေးရွာအနီး ၊ရေး – မြိတ် – ထားဝယ် ကားလမ်းမှာ မနေ့ နိုဝင်ဘာ ၂၂ ရက် ညပိုင်းက သဘာဝတရားရိပ်သာ ဆရာတော်လိုက်ပါလာတဲ့ ကား ၂ စီး ပစ်ခတ်ခံရပြီး ကားပေါ်ပါလာတဲ့ ဘုန်းကြီးတပါးနဲ့ ယောဂီတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလောမြို့ခံ သံဃာ့ဝေယျဝစ္စ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” သဘာဝတရားရိပ်သာ ဆရာတော် ဥူး ဥတ္တမသာရ ရဲ့ ရနောင်းနယ်စပ် သာဿနာပြုခရီးစဥ်ကို ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ရနောင်း ကနေ မလေးရှာနိုင်ငံအထိလို့ သိရတယ် ၊ အဲ့ဒီ ခရီးစဥ်ကို ကား ၂ စီး နဲ့…

Read More

အခွန်တိုးမြှင့်ကောက်ခံမယ့် သတင်းကြောင့် ဆေးဝါးဈေးတွေ ထပ်တက်လာနိုင်

နိုဝင်ဘာ ၂၄ – ၂၀၂၂ SN (VOM) အခွန်တိုးမြှင့်ကောက်ခံမယ့် သတင်းကြောင့် ပြည်တွင်း ဆေးဝါးစျေးကွက်အတွင်း ပြည်ပက တင်သွင်းလာတဲ့ ဆေးဝါးတွေ ဈေးထပ်တက်နိုင်ချေရှိတယ်လို့ ဆေးဝါးတင်သွင်း ရောင်းချသူတွေဆီက သိရပါတယ်။ ဈေးကွက်အတွင်း လက်ရှိမှာ ဆေးဝါးအမယ်မျိုးစုံဟာ အမျိုးအစားပေါ်မူတည်ပြီး ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကြား စျေးအမြင့်ပိုင်းမှာ ရှိနေတာဖြစ်ပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေနဲ့ အခွန်ကင်းလွတ်ခွင့် ပြုထားတဲ့ ဆေးဝါးတွေမှအပ ဆေးဝါး ၂၁ မျိုးကို အခွန် ၅ ရာခိုင်နှုန်း၊ ကျန်ဆေးဝါးတွေကို ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားတာကြောင့် ဈေးကွက်အတွင်း ဆေးဝါးဈေးတွေဟာ အရင်ထက် ဆက်လက် မြင့်တက်လာနိုင်တယ်လို့ ဆေးဝါးတင်သွင်း ရောင်းချသူတွေက ခန့်မှန်းထားပါတယ်။ “ပြည်ပကတင်သွင်းမယ့် ဆေးတွေကတော့ အခွန်တိုးမြှင့်ကောက်ခံမယ့် သတင်းကြောင့် ဈေးဆက်တက်လာနိုင်တယ်။…

Read More

ယူကရိန်းကို ခရုဇ်ဒုံးကျည်အစင်း ၆၈ စင်းနဲ့ ယူကရိန်းကို ရုရှားတိုက်ခိုက်

ကိဗ်ယက်၊ နို၀င်ဘာ-၂၄-၂၀၂၂ မျိူးဆက်(VOM) ရုရှားဟာ ယူကရိန်းကို ခရုဇ်ဒုံးကျည်အစင်း ၆၈ နဲ့ နို၀င်ဘာ၂၃ ရက်မှာ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။ ယူကရိန်းနိုင်ငံတ၀န်း လျှပ်စစ်ဓါတ်အား အကြီးအကျယ်ပြတ်တောက်စေခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျုးလွန်ခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲပြောဆိုပါတယ်။ ပစ်ခတ်လိုက်တဲ့ ခရုဇ်ဒုံးကျည်တွေထဲက ၅၁ စင်းကို ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အဲဒီနောက်မှာ ရုရှားက တိုက်ခိုက်ရေးဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူခုနှစ်ဦးသေဆုံးခဲ့ပြီး နျူကလီးယားဓါတ်အားပေးလိုင်းတွေ ပြတ်တောက်ခဲ့ကာ ဓါတ်အားပေးစက်ရုံအများစုကို ပိတ်ပစ်ခဲ့ရကြောင်း ယူကရိန်းစွမ်းအင်၀န်ကြီးကပြောပါတယ်။ စွမ်းအင်ကွန်ရက်ဆက်နွယ်နေတဲ့ ယူကရိန်းရဲ့ အိမ်နီးချင်း မော်လ်ဒိုဗာနိုင်ငံမှာလည်း ဓါတ်အားပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရုရှားဟာ ဆောင်းရာသီမှာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုအရှိန်မြှင့်တင်နေပြီး လက်ရှိချိန်ထိ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံ ထက်၀က်နီးပါး ပျက်စီးခဲ့ကြောင်း ယူကရိန်းက…

Read More

ရုရှားကို အကြမ်းဖက်ဝါဒ အားပေးတဲ့နိုင်ငံအဖြစ် ဥရောပပါလီမန် သတ်မှတ်

ဘရပ်ဆဲလ်၊ နို၀င်ဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းရှိ စွမ်းအင်အခြေခံအဆောက်အအုံတွေ ၊ ဆေးရုံနှင့် စာသင်ကျောင်းကဲ့သို့ အရပ်ဘက် ပစ်မှတ်တွေကို ရုရှားက စစ်ရေးအရတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်တာကြောင့် ရုရှားကို အကြမ်းဖက်ဝါဒအားပေးတဲ့ နိုင်ငံအဖြစ် ဥရောပပါလီမန်က သတ်မှတ်လိုက်ပါတယ်။ အကြမ်းဖက်ဝါဒအားပေးတဲ့ နိုင်ငံအဖြစ် ရုရှားကိုသတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ကို ဥရောပပါလီမန်အမတ်တွေက နို၀င်ဘာ ၂၃ ရက်မှာ မဲပေးဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယူကရိန်းကို ကျူုးကျော်တိုက်ခိုက်မှုကြောင့် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဥရောပသမဂ္ဂကလည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဥရောပပါလီမန်ရဲ့ အဲဒီဆုံးဖြတ်ချက်ကို ရုရှားဘက်က ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ဥရောပပါလီမန်ကိုလည်း ရိုင်းစိုင်းမှုကိုအားပေးတဲ့ ပါလီမန်အဖြစ်သတ်မှတ်ဖို့ အဆိုပြုကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောဆိုပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကမူ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး ယူကရိန်းနဲ့ ကမ္ဘာ့အနှံ့ ကာလရှည်ကြာတည်ရှိနေတဲ့ အကြမ်းဖက်ဝါဒကို အဆုံးသတ်ဖို့အတွက် ရုရှားအနေနဲ့ တာ၀န်ခံရမှာဖြစ်ပြီး ကဏ္ဍတိုင်းမှာ…

Read More

ခင်ဦးမြို့နယ် ၊ မုံလှကျေးရွာနားမှာ တိုက်ပွဲဖြစ်ပြီးနောက် ရွာသား ၁၀ ယောက်ထက်မနည်း ပျောက်ဆုံးနေ

နိုဝင်ဘာ ၊ ၂၄ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မုံလှကျေးရွာနားမှာ မနေ့ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက နစကစစ်ကြောင်းအဖွဲ့နဲ့ အမည်မသိ လက်နက်ကိုင်ထားသူတွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မုံလှရွာခံ ရွာသား ၁၀ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ခင်ဦးနယ်ခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်က ရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီတိုက်ပွဲဖြစ်ပြီးနောက် ရွာက လူငယ်တချို့အခုထိ ပျောက်ဆုံးနေတယ် ၊ အဖမ်းခံရတာလား ၊ ပြေးရင်းလွှားရင်း အသတ်ခံရတာလား ၊ မသိဘူး ၊ ပျောက်ဆုံးနေသူက ၁၀ ယောက်ကျော်တယ် ” လို့ မုံလှရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ပျောက်ဆုံးသူ…

Read More

ကပ်ရောဂါစတင်ပြီးနောက်ပိုင်း တရုတ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု စံချိန်တင်နေ

ပေကျင်း၊ နို၀င်ဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့သုံးနှစ်နီးပါးကာလက ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်နောက်ပိုင်း နို၀င်ဘာ ၂၃ ရက်မှာ ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း တရုတ်အစိုးရရဲ့ တရား၀င်ထုတ်ပြန်တဲ့ အချက်အလက်တွေ ဖော်ပြထားပါတယ်။ နို၀င်ဘာ ၂၃ ရက်မှာ ရောဂါကူးစက်မှုအရေအတွက်ဟာ ၃၁၄၄၄ ဦးရှိခဲ့ပြီး သူတို့ထဲက ၃၉၂၇ ဦးက ရောဂါလက္ခဏာပြသပြီး ၂၇၅၁၇ ဦးမှာ ရောဂါလက္ခဏာပြသခြင်းမရှိကြောင်း ကျန်းမာရေးအာဏာပိုင်တွေက နို၀င်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ကူးစက်ခံရသူတွေထဲမှာ ပြည်ပကနေ၀င်ရောက်လာသူတွေ ကူးစက်မှုအရေအတွက်မပါ၀င်ပါဘူး။ အဲဒီအရေအတွက်ဟာ ဧပြီလတွင်းက ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ ၂၉၃၁၇ ဦးထက် စံချိန်တင်ကျော်လွန်သွားတာဖြစ်ပါတယ်။ မြို့တော်ပေကျင်းမှာ နိုင်၀င်ဘာ ၂၃ ရက်မှာ ရောဂါလက္ခဏာပြသတဲ့ ကူးစက်မှု ၅၀၉ ခုနဲ့ ရောဂါလက္ခဏာမပြသတဲ့ ကူးစက်မှု ၁၁၃၉ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ လူဦးရေ ၁၉…

Read More

စစ်ကိုင်းမြို့နယ်မှာ ဘုန်းကြီးကျောင်း ဓားပြတိုက်ခံရပြီး သိန်း သုံးရာကျော်ပါသွား

နိုဝင်ဘာ ၊၂၄ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ကင်းကျေးရွာမှာရှိ ထိုင်ဝမ် ဘုန်ကြီးကျောင်းမှာ မနေ့ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဓားပြတိုက်ခံရပြီး ကျောင်းဆောက်ဖို့ရန် လှူဒါန်းထားတဲ့ ပိုက်ဆံ သိန်း သုံးရာကျော် ပါသွားခဲ့တယ်လို့ ကင်းကျေးရွာမှာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ကျောင်းထဲကို အမည်မသိ လက်နက်ကိုင်ထားသူတွေ ၁၀ ယောက်လောက်ဝင်လာပြီး ၊ ကျောင်းထဲမှာရှိတဲ့ ဘုန်းကြီးနဲ့ ကိုရင်တွေ အပါအဝင် လူတွေကို အရင်ဖမ်းတယ် ၊ နောက်ပြီး ကျောင်းဆောက်ဖို့ လှူဒါန်းစုဆောင်းထားတဲ့ပိုက်ဆံ သိန်း သုံးရာကျော်နဲ့ ကပ္ပိယ ၄ ဦးဆီက ဖုန်း ၄ လုံး ယူသွားတာဖြစ်တယ် ” လို့ ကျောင်း…

Read More

စိုက်စရိတ်ကြွေးကျန် မဆပ်နိုင်ရင် ပဲနဲ့စပါးထဲကဖြတ်ယူမယ်လို့ ပြောဆိုမှုက အေးဓါးပြတိုက်ခြင်းသာဖြစ်

နိုဝင်ဘာ ၂၄ – ၂၀၂၂ SN (VOM) စိုက်စရိတ်ချေးငွေ ကြွေးကျန် ၂၅ ရာခိုင်နှုန်းကို မဆပ်နိုင်ရင် တောင်သူ့လက်ထဲရှိ ပဲနဲ့စပါးထဲကဖြတ်ယူမယ်လို့ ပြောဆိုမှုက အနုနည်းနဲ့ခြိမ်းခြောက် အကြွေးတောင်းခြင်းသာဖြစ်တယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ကြွေးကျန် ၂၅ ရာခိုင်နှုန်းအတွက် စပါးနဲ့ပဲတီစိမ်းတို့ကို ဈေးဖြတ်ယူမယ်လို့ နိုဝင်ဘာ ၂၁ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမိုးက ပဲခူးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ တောင်သူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။ “ဒါက အကြွေးကို အနုနည်းနဲ့ ခြိမ်းခြောက်တောင်းတာမျိုးပါ။ သီးနှံပေါ်ချိန်စျေးနဲ့ ဖြတ်ယူမှာလား အရင်အချိန် အရင်ကာလပေါက်စျေးနဲ့ ဖြတ်ယူမှာလားဆိုတာက စောင့်ကြည့်ရမှာပါ” လို့ လယ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။ တောင်သူတွေအနေနဲ့ စိုက်စရိတ်ချေးငွေ ချေးယူတဲ့အခါမှာ လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ (၇) မူရင်းကို ၎င်းတို့ချေးယူတဲ့ဘဏ်တွေမှာ ပေးထားခဲ့ရတဲ့အတွက် ယူထားတဲ့ချေးငွေကို ပြန်ဆပ်နိုင်ဖို့…

Read More

ကာမိုင်းမြို့နယ် ထွေ / အုပ်ရုံးမှာ လက်နက်ကြီးကျည်ရောက်ပေါက်ကွဲလို့ ရုံးဝန်ထမ်း ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၄ ၊ ၂၀၂၂ SP( VOM) ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ ကာမိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနားမှာ ဒီကနေ့ နိုဝင်ဘာ ၂၄ရက်နေ့လယ်၁၂ နာရီဝန်းကျင်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရုံး ဝန်ထမ်း တချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ကာမိုင်းမြို့ခံတွေဆီက သိရပါတယ်။ ” ဖြစ်တာက နေ့လယ်ပိုင်း ထမင်းစား နားတဲ့အချိန် ၁၂ ဝန်းကျင်လောက်ဖြစ်တာ ၊ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲတာဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်း အကြီးတန်းစာရေး ဦးခွန်နော်ထူး ဆိုသူက စပန်ဒါ စထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ် ၊ အဲ့ဒိအပြင် ရုံးစာရေး ဦးမိုးကျော်သန်း ဆိုသူကတော့ ခြေတောက် ၂ ဘက် ပြတ်တောက်ဒဏ်ရာရတယ် ၊…

Read More
VOM News

FREE
VIEW