ခရမ်းမှာ ရပ်ကွက်နဲ့ကျေးရွာပါမကျန် ဆိုင်ကယ်စီးခွင့်ပိတ်မယ်

နိုဝင်ဘာ ၂၀ GG(VOM) ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ထဲက ရပ်ကွက်၊ကျေးရွာ ပါမကျန် အားလုံး လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး ဆိုင်ကယ်စီးခွင့်ပိတ်မှာဖြစ်တယ်လို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပါတယ်။ ရပ်ရွာတွေအထိပါ ဆိုင်ကယ်စီးခွင့်ပိတ်မယ့်အစီစဥ်က ကျေးရွာနေထိုင်သူတွေအတွက် အမှန်တကယ် အဆင်မပြေကြောင်း၊သွားလာရေး အလွန်ခက်ခဲတာတွေဖြစ်လာနိုင်တဲ့အပြင် ကျန်းမာရေးကိစ္စတွေအတွက်သွားလာရာမှာပါ အခက်ကြုံတာကြောင့် ဒုက္ခရောက်နိုင်တယ်လို့ ခရမ်းဒေသခံတချို့က ပြောပါတယ်။ ” ရွာတွေမှာက ဆိုင်ကယ်အဓိကအသုံးပြုလုပ်ကိုင်နေရတာ၊တခုခုဆို ဒီဆိုင်ကယ်ပဲရှိတာ။စက်ဘီးနဲ့က အနီးအနားလောက်ပဲအဆငိပြေတာ၊ ပစ္စည်းဝိတ်များတာဆိုရင်လည်း ဆိုင်ကယ်ကမှ အဆင်ပြေတာ ။သူတို့ဘယ်လိုစိတ်ကူးနဲ့ဆိုင်ကယ်စီးခွင့်ပိတ်လဲ စဥ်းစားမရဘူး။ ရွာမှာက ဘေးတွဲဆိုင်ကယ်ကလည်း လိုချင်တဲ့အချိန် ငှားမရနိုင်ဘူး။တနေ့လုပ်မှ တနေ့စားရသူတွေဆို ငှားခအပိုမပေးနိုင်ဘူးလေ ၊ ပြီးခဲ့တဲ လကတည်းက ဆိုင်ကယ်စီးခွင့်ပိတ်တယ် စီးမရဘူးလို့ အသိပေးတာမျိုးလည်းရှိခဲ့ပေမယ့် အခုကတော့ စာထုတ်တာပေါ့။ရွာတွေအထိတော့ မပါလောက်ဘူးထင်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကတော့ အခုလို ဆိုင်ကယ်စီးခွင့်ပိတ်တာဟာ အရပ်သားပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကို…

Read More

ပြည်တွင်းကြက်သွန်နီဈေး အမြင့်ပိုင်းမှာ ဆက်လက် တည်ရှိနေ

နိုဝင်ဘာ ၂၀ – ၂၀၂၂ SN (VOM) ပြည်တွင်းက ကြက်သွန်နီတွေဟာ အသစ်ပေါ်ချိန်မှာ ဈေးနှုန်း ကျဆင်းလေ့ရှိပေမယ့် ကြက်သွန်ဒိုင်တွေနဲ့ ကုန်စည်ဒိုင်တွေကို ကြက်သွန်ဝင်ရောက်မှု နည်းပါးနေတာကြောင့် ဈေးနှုန်းအမြင့်ပိုင်းမှာသာ ဆက်လက်တည်ရှိနေတယ်လို့ ကြက်သွန်ကုန်သည်တွေနဲ့ ပွဲရုံတွေဆီက သိရပါတယ်။ လက်ရှိ ကြက်သွန်နီစိုက်ပျိုးရာဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတွေနဲ့ စိုက်ခင်းတွေ မီးရှို့ဖျက်စီးခံနေရတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် ကြက်သွန်စိုက်ဧကတွေ နည်းပါးခဲ့ပြီး ကုန်အဝင်နည်းနေတာဖြစ်တယ်လို့ ကုန်သည်တဦးက ပြောပါတယ်။ ဒါ့အပြင် အခုနှစ်အတွင်း မုန်တိုင်းမိုး ရွာသွန်းမှုတွေကြောင့်လည်း ကြက်သွန်ခင်းတွေထဲ ရေဝင်ရောက်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်အထွက်နှုန်း ထိခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။ “အရင်ကတော့ မိုးကြက်သွန်နီတွေပေါ်လာရင် ဈေးကျမယ်လို့ ခန့်မှန်း‌ထားပေမယ့် အခုတော့ ကုန်အဝင်နည်းနေသေးလို့ ဈေးကကျမလာသေးဘူး။ ဒီနှစ်မှာက တိုက်ပွဲတွေကလည်းဖြစ်နေတော့ စိုက်ပျိုးဧကလည်း နည်းနေတယ်။ မိုးကလည်း အခုထိကို မပြတ်သေးတော့ အခင်းတွေထဲ…

Read More

စိတ်အားလူအား ၊ အနားယူအပန်းဖြေ ၊နေချင်မိသေး

ဆူးငှက် ငယ်ဘဝကို ပြန်တွေးလိုက်တော့ မေးခွန်းတစ်ခုကခေါင်းထဲသို့ ရုတ်ချည်းပေါ်လာသည်။ ““ဘာလို့ အားနေတာပါလိမ့်…””တဲ့။ ဟုတ်သည်၊ ငယ်ဘဝကိုပြန်တွေးလိုက်တိုင်း အားနေတဲ့ ရက်တွေက များနေတာကိုး။ ထိုအခါ ပြန်လှန်မေးခွန်းထုတ် စရာတစ်ခုကလည်း ရှိလာချေ၏။ “ကလေးဘဝပဲဗျာ၊ ဘာလုပ်စရာ ရှိတာမှတ်လို့၊ အားမနေပေဘူးလား” ဟူလို့။ တကယ်တော့ ငယ်ဘဝဟုသာ သိမ်းကျုံးခေါ်လိုက်ရသည်သေချာပြန်စဉ်းစားကြည့်တော့ မနေ့တစ်နေ့က အထိ အားနေသေးသည် မဟုတ်လော။ ဘာလို့များ တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက် မအားလပ်မှုတွေ ဖိစီးလာပါလိမ့်။ မအားလပ်မှုတွေများလာမှ အားလပ်မှု၏တန်ဖိုးကို သိလာသည်။ အားလပ်ခြင်း၏ အရသာကို သိလာသည်။ အားလပ်မှုဆိုသည်နှင့်အတူ နောက်ကွယ်မှ ဝါသနာပါသည့်၊နှစ်ခြိုက်သည့်လုပ်ငန်းများကို စိတ်လို လက်ရ လုပ်ကိုင်နိုင်၍ ဝမ်းသာပီတိဖြစ်ရခြင်းဟူသည်ကလည်း ကပ်ပါလာသည် မဟုတ်လော။ ပြေးဟယ် လွှားဟယ် အလုပ်ရှုပ်နေချိန်မှာ စိတ်တွေက အများသား။ မပြတ်သေးသော အလုပ်တစ်ခုအတွက် နောက်ဆံတင်း။ ချိန်းဆိုထားသည့် ကိစ္စတစ်ခုအတွက်…

Read More

ကျိုင်းတုံ – တောင်ကြီးလမ်းမှာ ခရီးတင်ကား တိမ်းမှောက် ၊ ၂ ဦးသေဆုံး ၊ ၄ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၉ ၊ ၂၀၂၂ SP (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံ – တောင်ကြီးလမ်း တုံတာမြို့အဝင် မိုင်းကာရွာအနီးမှာ မနေ့ နိုဝင်ဘာလ ၁၈ ရက် ညပိုင်းက ခရီးသည်တင်ကား တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ဦးသေဆုံးကာ ၊ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တာက မနေ့ည ၁၁ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက ၊ မိုင်းကာတောင်အဆင်း နေရာမှာ ကားက ဘရိတ်ပေါက်ပြီး တိမ်းမှောက်သွားတာဖြစ်တယ် ၊ ကားက အံစာတုံး ဟိုက်အေစ့် အမျိုးအစားဖြစ်ပြီး ယာဥ်ပေါ်မှာ ခရီးသည် ၅ ဦးနဲ့ ယာဥ်မောင်း တဦးလိုက်ပါလာတယ် ၊ အဲ့ဒီအထဲက ကားသမားနဲ့…

Read More

ဘန်ကောက်မှာ အေပက်ထိပ်သီးအစည်းအဝေးကို ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲ

ဘန်ကောက်၊ နို၀င်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပနေတဲ့ အေပက်စီးပွားရေး ထိပ်သီးအစည်းအဝေးကို ကန့်ကွက် ဆန္ဒုပြသူတွေနဲ့ ရဲတပ်ဖွဲ့တိုအကြား နို၀င်ဘာ ၁၈ ရက်မှာ အဓိကရုဏ်တွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ ထိပ်သီးဆွေးနွေးပွဲကျင်းပရာနေရာအနီး ရာပေါင်းများစွာသော ဆန္ဒပြသူတွေကို ထိုင်းရဲတွေက ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ ဒိုင်းတွေကာရံပြီး ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်လူစုခွဲခြင်းတွေလည်း ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူတွေက ရဲတွေကို အရာ၀တ္ထုတွေနဲ့ ပစ်ပေါက်ခြင်း၊ ရဲကားတွေကို မှောက်ပစ်ဖို့ ကြိုးစားခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒ့ပြသူတွေဟာ ထိုင်း၀န်ကြီးချုပ် ပရာယုချန်အိုချာနှုတ်ထွက်ပေးရေးကိုလည်း ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း ဆန္ဒပြရာမှာ ပါ၀င်သူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ပရာယုချန်အိုချာဟာ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကန့်သတ်ချက်များစွာနဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀န်ကြီချုပ်ရာထူးကို ဆက်လက်ရယူခဲ့ပြီး အယုံအကြည်မရှိအဆို တင်သွင်းမှုတွေကို…

Read More

ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းရဲ့ စွမ်းအင်စနစ် ထက်၀က်နီးပါး ပျက်စီး

ကိဗ်ယက်၊ နို၀င်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားရဲ့မကြာသေးမီက ဒုံးကျည်၊ ဒရုန်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ စွမ်းအင်စနစ် ထက်၀က်နီးပါး ပျက်စီးခဲ့ကြောင်း ယူကရိန်း၀န်ကြီးချုပ်ကပြောပါတယ်။ ဆောင်းရာသီကာလအတွင်း မြို့တော်ကိဗ်ယက်အပါအ၀င် နိုင်ငံအနေရာအများအပြားတွင် အပူချိန်ကျဆင်းပြီး ဆီးနှင်းများကျဆင်းနေသည့်ကာလတွင် ယူကရိန်းရဲ့စွမ်းအင်စနစ် ပျက်စီးမှုဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။ မြို့တော်ကိဗ်ယက်ရဲ့ မဟာဓါတ်အားလိုင်း အလုံးစုံပြတ်တောက်သွားနိုင်ကြောင်း မြို့တော်၀န်က သတိပေးပြောဆိုပါတယ်။ ယူကရိန်းပြည်သူ ၁ဝ သန်းကျော်ဟာ ဓါတ်အားပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ စွမ်းအင်ထောက်ပံ့မှု အခက်အခဲဖြစ်နေတဲ့ အခြေအနေဟာ ဒေသ ၁၂ ခုမှာ ဆက်လက်ဖြစ်ပွာနေပြီး ပြုပြုဖို့ကြိုးစားနေကြောင်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။ ရုရှားဟာ ယူကရိန်းအရပ်ဘက် အခြေခံအဆောက်အအုံတွေကို ဆက်လက်တိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းစွမ်းအင်စနစ်ရဲ့ ထက်၀က်နီးပါး ပျက်စီးခဲ့ရတယ်လို့ ကိဗ်ယက်မြို့တော်၀န်က ပြောပါတယ်။ ယူကရိန်းရဲ့ အကြီးဆုံးစွမ်းအင်ကုမ္ပဏီအကြီးအကဲကလည်း အခြေအနေဟာ ပိုဆိုးလာတယ်လို့ သတိပေးပြောဆိုထားပါတယ်။ Ref:…

Read More

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သမီးဖြစ်သူနဲ့အတူ လူမြင်ကွင်းကို ပထမဆုံးအကြိမ် ထွက်ပေါ်လာ

ပြုံးယမ်း၊ နို၀င်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သူ့ရဲ့သမီးငယ်နဲ့အတူ ပထမဆုံးအကြိမ်လူမြင်ကွင်းကို ထွက်ပေါ်လာခဲ့ပြီး သမီးဖြစ်သူနဲ့ ပတ်သက်ပြီး ကာလရှည်ကြာထွက်ပေါ်နေတဲ့ ကောလဟာလတွေကို အတည်ပြုလိုက်ပါတယ်။ ကင်ဂျုံအန်ဟာ သမီးဖြစ်သူ ကင်ချူးအေ လို့ယူဆရတဲ့ မိန်းကလေးနဲ့အတူ နို၀င်ဘာ ၁၈ ရက်ကပြုလုပ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို အတူတကွ ကြည့်ရှုခဲ့ပါတယ်။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပြစ်တင်ရှုတ်ချထားတဲ့ အဲဒီတိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုကို သူတို့နှစ်ဦး လက်ချင်းတွဲကာ ကြည့်ရှုနေတာကို ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေမှာ တွေ့ရှိရပါတယ်။ မစ္စတာကင်ဟာ လျှို့ဝှက်ချက်တွေအပြည့်နဲ့ မြောက်ကိုရီးယားနိုင်ငံကို ဦးဆောင်နေပြီး သူ့ရဲ့ကိုယ်ရေးကိုယ်တာ ရှင်သန်နေထိုင်မှုဘ၀နဲ့ပတ်သက်ပြီး လူသိနည်းပါးလှပါတယ်။ ကင်ဂျုံအန်နဲ့ သမီးဖြစ်သူတို့နှစ်ဦး စကားပြောဆိုနေပုံ၊ တာ၀န်ရှိသူတွေကို ညွှန်ကြားနေပုံ၊ ဒုံးကျည်တွေကို စစ်ဆေးခြင်းနဲ့ ပစ်ခတ်မှုကို ကြည့်ရှုနေတဲ့ဓါတ်ပုံတွေကို မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက နို၀င်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Ref: BBC Photo:…

Read More

ရွှေဘိုခရိုင်ထဲက လမ်းနဲ့တံတားတွေ မိုင်းခွဲခံထားရလို့ သွားလာရေး ခက်ခဲနေ

နိုဝင်ဘာ ၊ ၁၉ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်တွေက လမ်းနဲ့ တံတားတချို့ မိုင်းခွဲဖျက်ဆီးခံရတာတွေ ဖြစ်ပွားပြီး ခရိုင်ချင်းဆက်လမ်းတချို့နဲ့ ကျေးရွာချင်းဆက်လမ်းတွေ သွားလာလို့ မရဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ .” မနေ့ နိုဝင်ဘာ ၁၈ ရက် ၊ ညနေ ၅ နာရီဝန်းကျင်မှာ ရွှေဘိုမြို့နယ် ၊ ကျောက်မြို့နားက စစ်ကိုင်း ရွှေဘို အမှတ် ၃ ခရိုင်ချင်းဆက်လမ်းက သဲဖြူချောင်းကူးတံတား မိုင်းခွဲဖျက်ဆီးခံရတယ် ၊ ဒီမနက်အထိ အဲ့ဒီလမ်းမှာ ကားတွေ ၊ ဆိုင်ကယ်တွေ လူတွေ သွားလာတာ မရှိတော့ဘူး “လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ သဲဖြူချောင်းတံတား မိုင်းခွဲ ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး…

Read More

Sky Hotel ပစ်ခတ်မှု စစ်တပ်ကဗိုလ်ကြီးတဦးသေဆုံး တဦးဒဏ်ရာရ

နိုဝင်ဘာ-၁၉-၂၀၂၂ Voice Of Myanmar (VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ ၊ ဖားကန့်-လုံးခင်း လမ်းမကြီးပေါ်က Sky Hotel &Restaurant မှာ နိုဝင်ဘာ၁၉ရက် ဒီမနက်၇နာရီအချိန်ခန့်က ပစ်ခတ်မှုတခုဖြစ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဟိုတယ်ဝန်ထမ်းတဦးကပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဟိုတယ်KTVမှာသီချင်းဆိုနေတဲ့ နစကတပ်က ဗိုလ်ကြီးတဦးအခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အခြားတဦးလည်း ပြင်းထန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ဟိုတယ်ဝန်ထမ်းက ဆက်လက်ပြောဆိုခဲ့ပါတယ် ။ “အခန်းထဲမှာ ပွဲချင်းပြီးသေတဲ့တယောက်က အူတွေပါထွက်သွားတာဗျ။နောက်တယောက်လည်း အသက်ရှင်ဖို့ မလွယ်ဘူးဗျ။သေတာက သုံးပွင့်ဗိုလ်လို့တော့ပြောတာပဲဗျ”လို့ ပြောပါတယ်။ သေဆုံးသွားတဲ့အရာရှိဟာ တပ်မ ၃၃လက်အောက်ခံ ဗလခ တပ်ခွဲ့စခန်းက တပ်ခွဲမှူးအရာရှိလို့လည်း တပ်နဲ့နီးစပ်သူတွေဆီကသိရပါတယ် ။ လာရောက်တိုက်ခိုက်သူတွေဟာ တိုယိုတာအမျိုးအစား SURF ကားနဲ့ဟိုတယ်ထဲ မောင်းဝင်လာခဲ့ပြီး ၊အရပ်ဝတ်နဲ့မျက်နှာဖုံးMaskတွေတပ်ဆင်ထားတယ်လို့လည်း ဟိုတယ်ဧည့်ကြိုဝန်ထမ်းတွေကပြောပါတယ်။ လာရောက်တိုက်ခိုက်သူတွေဟာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတပ်ဖွဲ့ဝင်တွေဖြစ်ပြီး၊နိုဝင်ဘာ၁၄ရက်နေ့က မြစ်ကြီးနာမြို့ရှိ Happy…

Read More

လျှပ်စစ်မီးပျက်ချိန်များနေလို့ အသေးစား၊ အလတ်စားလုပ်ငန်းတွေ ရပ်နားရမလိုဖြစ်နေ

နိုဝင်ဘာ ၁၉ – ၂၀၂၂ SN (VOM) လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ လျှပ်စစ်မီး လာချိန်ထက် ပျက်ချိန် ပိုများနေတာကြောင့် အသေးစား၊ အလတ်စား (SME)လုပ်ငန်းတွေ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပြီး လုပ်ငန်း ရပ်နားရမလိုဖြစ်နေတယ်လို့ သိရပါတယ်။ အသေးစားနဲ့ အလတ်စား (SME) စက်မှုလုပ်ငန်းများမှနေ၍ ထုတ်ကုန်တိုးမြှင့်သွားမယ်လို့ နစကက နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောဆိုထားပေမယ့် လက်တွေ့ အခြေအနေမှာတော့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပျက်တောက်နေတာကြောင့် SME လုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ “သူကသာ ဘယ်လိုထောက်ပံ့ပေးမယ်၊ ဘာတွေလုပ်မယ်နဲ့ စကားတွေအကြီးကြီး လျှောက်ပြောနေတာ။ လက်တွေ့မှာ မီးမမှန်တော့ ဘာမှလုပ်မရဘူး။ မီးပျက်လို့ အရင်လို မီးစက်မောင်းပြီးလည်း အလုပ်မလုပ်နိုင်ဘူး။ ရတာနဲ့ကုန်တာနဲ့က မမျှတော့ ဆီဖိုးနဲ့က တွက်ခြေမကိုက်ဘူးလေ။ မီးကလည်း ဒီလထဲမှာ ပိုပြီးအပျက်များနေတယ်။…

Read More
VOM News

FREE
VIEW