ဗင်နီဇွဲလားစင်ပြိုင်အစိုးရ ဖျက်သိမ်းဖို့ အတိုက်အခံတွေ မဲခွဲဆုံးဖြတ်

ကရာကတ်စ်၊ ဇန်နဝါရီ-၂-၂၀၂၃
မျိုးဆက်(VOM)

ဗင်နီဇွဲလားအတိုင်အခံတွေဟာ တည်ထောင်ထားတဲ့ စင်ပြိုင်အစိုးရကို ဖျက်သိမ်းပြီး ခေါင်းဆောင်ဖြစ်သူ ဂွိုင်ဒိုကိုဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ သမ္မတ နီကိုးလက်စ်မာဒူရို ပြန်လည်ရွေးချယ်ခံရပြီးနောက် မစ္စတာဂွိုင်ဒိုက သူ့ကိုယ်သူသမ္မတအဖြစ်ကြေညာခြဲ့့ပီးနောက် လေးနှစ်အကြာမှာ စင်ပြိုင်အစိုးရကို ဖျက်သိမ်းသိမ်းလိုက်တာဖြစ်ပါတယ်။

ဂွိုင်ဒိုကို အမေရိကန်အပါအ၀င် အနောက်နိုင်ငံအများအပြားက အသိအမှတ်ပြုထောက်ခံခဲ့ကြသော်လည်း အတိုက်အခံခေါင်းဆောင်ဟာ လက်ဝဲယိမ်းသမ္မတ မာဒူရိုကို ဖြုတ်ချနိုင်ခြင်းမရှိခဲ့ပါဘူး။

အတိုက်အခံနိုင်ငံရေးသမားတွေဟာ မစ္စတာဂွိုင်ဒိုအပေါ် ယုံကြည်မှုပျက်ပြားမှုနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ခဲ့ကြကာ ကြားဖြတ်အစိုးရကို ဖျက်သိမ်းဖို့ကိုလည်း မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ဗင်နီဇွဲလားမှာ ကာရှည်ကြာဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာမှုဆိုင်ရာ အကျပ်အတည်းကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြည်သူခုနှစ်သန်းကျော် နိုင်ငံတွင်းမှထွက်ပြေးစွန့်ခွာခဲ့ကြပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ကရာကတ်စ်

Related posts

Leave a Comment

VOM News

FREE
VIEW