မုံရွာမြို့မှာ နေအိမ်အတွင်း လူ ၃ ယောက် ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၃ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ နယ်မြေ အမှတ် ၈ က လူနေအိမ် တလုံးမှာ မနေ့ ဇန်နဝါရီ ၂ ရက်နေ့ ၊ မနက်ပိုင်းက လူ ၃ ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၁၁ နာရီလောက်မှာ ဖြစ်တယ် ၊ နန္ဒဝန်ရပ်ကွက်မှာ ပြင်ပလျှပ်စစ်မီးဆင်ပေးတဲ့ ကိုထွန်းဝင်းရဲ့အိမ်မှာ ဖြစ်တာပါ ၊ အိမ်ရှင် ကိုထွန်းဝင်း ၊ သူ့မိန်းမ မမြင့်မာအေး ၊ သူ့ရဲ့မောင် ကိုသန်းဇော်တို့ ၃ ပစ်သတ်ခံရတာဖြစ်တယ်”လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ၃ လောင်းပြိုင် လူသတ်မှုနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နေအိမ်ထဲမှာရှိနေတဲ့ မိသားစုဝင် ၃ ဦး ပစ်သတ်ခံရတာပါ ၊ အမည်မသိ လူငယ် ၃ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး အိမ်ထဲဝင်ပစ်တာကြောင့် မမြင့်မာအေး ၂၈ နှစ် ကျည်ဆံဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးတယ် ၊ သူ့ရဲ့မောင်ဖြစ်သူ ကိုသန်းဇော် ၂၃ နှစ်လည်း ကျည်ဆံဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးတယ် ၊ ကိုထွန်းဝင်းကတော့ အသက်မသေဘူး စိုးရိမ်ရတယ်၊ ပြင်ပလျှပ်စစ်မီးဆင်တဲ့ လူတွေဖြစ်တယ် ၊ သေဆုံးရတဲ့အကြောင်းကတော့ မုံရွာနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးနေတယ်”လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်ပွားရာ နန္ဒဝန်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့နှစ် ၂၀၂၂ အောက်တိုဘာ ၁ လထဲမှာ ၃ လောင်း လူသတ်မှု ၃ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

မုံရွာမြို့မှာ မြို့ပြလူနေရပ်ကွက် ၃၁ ရပ်ကွက်ရှိတဲ့အနက် အခု လူသတ်မှုဖြစ်ပွားတဲ့ နန္ဒဝန်ရပ်ကွက်မှာ ပြီးခဲ့တဲ့ ၂၃ လအတွင်း ပစ်သတ်ခံရလို့ သေဆုံးရတဲ့ လူပေါင်း ၈၀ ကျော်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW