သန်လျင်မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၇၇ ယောက်ဖမ်းမိ

ဇန်နဝါရီ ၃ -၂၀၂၃
GG (VOM)

ရန်ကုန်တိုင်း ၊ သန်လျင်မြို့နယ်ထဲက နေအိမ်တအိမ်မှာ အသက်မပြည့်သေးတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ကလေးသူငယ်တေ;အပါအဝင် အားလုံးပေါင်း ၇၇ ယောက်ကို မနေ့ ဇန်နဝါရီ၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သန်လျင်မြို့၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုရားနီ ပေ (၃၀)လမ်း၊ အမှတ် (၂၀)က နေအိမ်တခုမှာ ည ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” အိမ်ငှားက ခေါ်လာတာ။ သတင်းရလို့ လာစစ်တာမှာ မိတာလို့သိရတယ် ။ ခေါ်ထားတဲ့အိမ်ငှားကတော့ မမိဘူး ထွက်ပြေးသွားတယ် “လို့ သန်လျင်အခြေစိုက် ပရဟိတသမားတဦးကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးအပါအဝင် အမျိုးသား ၄၅ ယောက်၊ အသက်မပြည့်သေးတဲ့ အမျိုးသမီး ၇ ယောက်အပါအဝင် ၃၂ ယောက် ဖြစ်တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ် ၊ တောင်ကုတ်-အမ်း လမ်းကြောင်းအတိုင်း ကနေ ရန်ကုန်ကို ရောက်လာတာဖြစ်ကြောင်း တာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုအရ သိရှိရပြီး ထပ်မံစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ၂ ရက်နေ့ မနက်ပိုင်းကလည်း ဧရာဝတီတိုင်း ၊ဟင်္သာတမြို့နယ်၊ လယ်တီကွင်းမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ နိုင်ငံသားအထောက်ထားမဲ့ သူ၃၉ ယောက်ကို ဖမ်းဆီးရမိခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းအပါအဝင် ဧရာဝတီတိုင်း ၊ပဲခူးတိုင်း၊မကွေးတိုင်း နဲ့ကျန့နေရာအသီးသီးကနေ နိုင်ငံသားအထောက်အထားမဲ့သူပေါင်း ရာနဲ့ချီဖမ်းဆီးရမိခဲ့ပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေလည်းရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #သန်လျင် #နိုင်ငံသားအထောက်အထားမဲ့သူဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW