မြောက်ကိုရီးယားနဲ့ စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့သွားမယ်လို့ တောင်ကိုရီးယားသမ္မတ သတိပေး

ဆိုးလ်၊ ဇန်နဝါရီ-၄-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယားပိုင်နက်ကို ကျူးကျော်မှုများ ထပ်မံလုပ်ဆောင်ပါက ကြားခံဇုန်တွေဖန်တီးဖို့သဘောတူထားတဲ့ ၂၀၁၈ ခုနှစ်စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ဖို့ စဉ်းစားသွားမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုးလ်က သတိပေးပြောဆိုလိုက်ပါတယ်။

အဲဒီသဘောတူညီချက်ဟာ သမ္မတမွန်ဂျေးအင်လက်ထက်က မြောက်ကိုရီးယားတွင်ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ရရှိခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြား နယ်စပ်တလျှောက်မှာ စစ်ရေးတင်းမာမှုတွေလျှော့ချဖို့ သဘောတူခဲ့ကြပါတယ်။

စစ်ရေးနယ်နိမိတ်မျဉ်းတလျှောက် အချင်းချင်းအင်အားပြထိပါးဖို့ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုအမျိုးမျိုးကို ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြပေမယ့်လည်း မြောက်ကိုရီးယားကတော့ အဲဒီသဘောတူညီချက်ကို ပြီးခဲ့တဲ့နှစ်က အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ သဘောတူုညီချက်အရ သတ်မှတ်ထားတဲ့ ကြားခံဇုန်တွေကို ၂၀၂၂ ခုနှစ်မှာ အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း တောင်ကိုရီးယားနယ်နိမိတ်ကို ဖြတ်ကျော်ပြီး မောင်းသူမဲ့လေယာဉ်ငါးစင်း ၀င်ရောက်ပျံသန်းခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားပိုင်နက်ကို ထပ်ပြီးချိုးဖောက်တာတွေပြုလုပ်မယ်ဆိုရင် စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ဖို့စဉ်းစားမှာဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်တာ၀န်ရှိသူတွေကို သမ္မတယွန်ဆက်ယိုးလ်က ပြောကြားခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW