ALP ဗိုလ်ချုပ် အပါအဝင် သုံးဦး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး ALP ထုတ်ပြန်ချက် အေအေငြင်းဆိုထား

ဇန်နဝါရီ ၅- ၂၀၂၃
SW(VOM)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ခိုင်စိုးမြအပါအဝင် သူတို့ရဲ့ တပ်မှူး(၃)ဦး ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ALP ဘက်က ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ချက် တစောင်ထွက်လာပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြတို့လုပ်ကြံခံရတာဟာ အေအေရဲ့ လက်ချက်ဖြစ်တယ်လို့ ALP ဘက်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ALP ဘက်က အခုလို ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အေအေဘက်ကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်ကြောင်း ရခိုင်အခြေစိုက်သတင်းဌာနတခုမှာ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုန့်ပြန်ပြောဆိုထားတာဖြစ်ပါတယ်။

ALP ဘက်က ထိပ်ပိုင်းခေါင်းဆောင်တဦးအပါအဝင် တပ်မှူး ၂ ဦးဟာ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ လုပ်ကြံခံရကာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်ပြီး အဲဒီသတင်းဟာ ပြည်သူတွေကြားမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်သတ်ခံရသူတွေကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ တပ်မတော် (ALP/ ALA) တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ အမှတ် ၁၀၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒ တို့ဖြစ်ကြပြီး သူတို့ သုံးဦးဟာ ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၈ နာရီကျော်လောက်က စစ်တွေမြို့ပေါ် စက်ရုံစုရပ်ကွက်ရှိ ဆီတန်းဘက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာ အရင်ကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာရှိခဲ့ဖူးပြီး အဲဒီလို ဖမ်းဆီးခံရတိုင်းလည်း အေအေလက်ချက်ဖြစ်ကြောင်းစွပ်စွဲခဲ့ပြီး အေအေဘက်ကလည်း သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားတာလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #alpခေါင်းဆောင်၃ယောက်သတ်ခံရ # #AA #ALP

Related posts

Leave a Comment

VOM News

FREE
VIEW