မြောက်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဟောင်း ရီယောင်ဟို သုတ်သင်ရှင်းလင်းခံခဲ့ရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးပြော

ဆိုးလ်၊ ဇန်နဝါရီ-၆-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဟောင်း ရီယောင်ဟိုကို မြောက်ကိုရီးယားက သုတ်သင်ရှင်းလင်း လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၅ ရက်ကပြုလုပ်တဲ့ ပါလီမန်ကော်မတီတံခါးပိတ်အစည်းအဝေးမှာ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက အစီရင်ခံဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တွေက ထုတ်ဖော်ပြောတာဖြစ်ပါတယ်။

နိုင်ငံခြားရေး၀န်ကြီးဟောင်း ရီယောင်ဟိုဟာ မြောက်ကိုရီးယားရဲ့့ နျူကလီးယားအစီအစဉ်ဆိုင်ရာ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ စေ့စပ်ညှိနှိုင်းရေးအကြီးအကဲအဖြစ် တာ၀န်ယူခဲ့ပါတယ်။

သူဟာ ၂၀၁၆ ခုနှစ်မှာ နိုင်ငံခြားရေး၀န်ကြီးဖြစ်လာခဲ့ပြီး မြောက်ကိုရီးယားနျူကလီးယားအရေးနဲ့ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာလည်း ပါ၀င်ခဲ့ပါတယ်။

ရီယောင်ဟိုရဲ့နေရာမှာ နိုင်ငံခြားရေး၀န်ကြီးတဦးကို အစားထိုးခန့်အပ်လိုက်ကြောင်း ၂၀၂၀ ပြည့်နှစ်မှာ သတင်းထွက်ပေါ်ပြီးနောက်ပိုင်း သူဟာ လူမြင်ကွင်းကို ထွက်ပေါ်လာခြင်းမရှိဘဲ ပျောက်ကွယ်နေခဲ့ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW