၂၀၂၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘီလာရုစ်မှာ ထောင် ၁၂ နှစ်ကျမယ့်အရေး ရင်ဆိုင်နေရ

မင့်ခ်၊ ဇန်နဝါရီ-၆-၂၀၂၃
မျိုးဆက်(VOM)

နိုဘယ်ငြိမ်းရေးဆုရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အယ်လက်စ်ဘယ်လီယတ်စကီးကို ဘီလာရုစ်မှာ ရုံးထုတ်စစ်ဆေးမှုကို ဇန်နဝါရီ ၅ ရက်မှာ စတင်လိုက်ပါတယ်။

အသက် ၆၀ နှစ်အရွယ် ဘယ်လီယတ်စကီးဟာ ၂၀၂၁ ခုနှစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွမှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အလက်ဇန်းဒါး လူကာရှန်ကိုရဲ့ အာဏာရှင်အစိုးရသည် သူ့ကိုနှုတ်ပိတ်ဖို့ ကြိုးစားနေတယ်လို့ ထောက်ခံသူတွေကပြောပါတယ်။

သူဟာ အတိုက်အခံလှုပ်ရှားမှုတွေအတွက် ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း သူတည်ထောင်ခဲ့တဲ့ ဗီဇနာလူ့အခွင့်အရေးစင်တာက ထုတ်ပြန်ထားပြီး ပြစ်မှုထင်ရှားပါက ထောင် ၁၂ နှစ်ကျခံရနိုင်ပါတယ်။

၂၀၂၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် သုံးဦးအနက်မှ တဦးဖြစ်သူ ဘယ်လီယတ်စကီးကို ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးပြီးနောက်ပိုင်း အာဏာပိုင်များက ရုံးတင်စစ်ဆေးခြင်းမပြုဘဲ ထိန်းသိမ်းထားခဲ့ပါတယ်။

ဘီလာရုစ်မှာ၂၀၂၀ ခုနှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးထောင်ချခြင်းတွေပြုလုပ်ခဲ့တဲ့ အပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ ပြုခဲ့ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #မင့်ခ်

Related posts

Leave a Comment

VOM News

FREE
VIEW