ဘရာဇီးလွှတ်တော်ကို ၀င်ရောက်စီးနှင်းမှု လူ ၁၅၀၀ ကိုဖမ်းဆီးထိန်းသိမ်းထား

ဘရာဆီးလီးယား၊ ဇန်နဝါရီ-၁၀-၂၀၂၃
မျိုးဆက်(VOM)

ဘရာဇီးနိုင်ငံမှာ လွှတ်တော်၊ သမ္မတအိမ်တော်နဲ့ တရားရုံးချုပ်တို့ကို ၀င်ရောက်စီးနှင်းမှုနဲ့ပတ်သက်ပြီး လူ ၁၅၀၀ ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သမ္မတ လူလာဒါဆေးလ်ဗားက ပြောပါတယ်။

သမ္မတဟောင်း ဘော်ဆိုနာရိုကို ထောက်ခံသူတွေဟာ အစိုးရအဆောက်အအုံတွေကိုလည်း ချိုးဖောက်၀င်ရောက်ပြီး ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေကို ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေတယ်ဆိုတာကို သိရှိဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ သမ္မတလူလာက ပြောပါတယ်။

အဖြစ်အပျက်ကို ခရေစေ့တွင်းကျ စစ်ဆေးမှာဖြစ်သလို ငွေကြေးဘယ်သူထောက်ပံ့တယ်ဆိုတာကိုလည်း စုံစမ်းသွားမယ်လို့ သူကပြောပါတယ်။

သမ္မတလူလာကို ထောက်ခံသူတွေကလည်း ဇန်နဝါရီ ၉ ရက်က နိုင်ငံတ၀န်းမှာ စုဝေးဆန္ဒထုတ်ဖော်ခဲ့ပြီး သမ္မတဟောင်း ဘော်ဆိုနာရိုကို ထောင်ချဖို့ တောင်းဆိုခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကိုရောက်နေတဲ့ သမ္မတဟောင်း ဘော်ဆိုနာရိုတယောက်လည်း ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတက်နေရကြောင်း ဇနီးဖြစ်သူက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဘရာဆီးလီးယား

Related posts

Leave a Comment

VOM News

FREE
VIEW