ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ထိုင်း၀န်ကြီးချုပ်က ထောက်ခံသူတွေထောင်ထားတဲ့ ပါတီသစ်နဲ့ ပူးပေါင်း

ဘန်ကောက်၊ ဇန်နဝါရီ-၁၀-၂၀၂၃
မျိုးဆက်(VOM)

ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ နောက်ထပ်၀န်ကြီးချုပ်သက်တမ်းအတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် သူ့ကိုထောက်ခံသူတွေတည်ထောင်ထားတဲ့ နိုင်ငံရေးပါတီသစ်ကို ၀င်ရောက်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။

သူ့အနေနဲ့ အခွင့်အရေးရရှိလာပါက နိုင်ငံအတွင်းကြုံတွေ့နေရတဲ့ ပြသနာများစွာကို ဆက်လက်ကိုင်တွယ်ဖြေရှင်းလိုကြောင်း ညီညွှတ်သောထိုင်းအမျိုးသားပါတီရဲ့ ဇန်န်ဝါရီ ၉ ရက်မှာ ပြုလုပ်တဲ့ ညီလာခံမှာ ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာက ပြောပါတယ်။

မေလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါတီရဲ့၀န်ကြီးချုပ်လောင်းဖြစ်ဖို့ ရည်မှန်းထားကြောင်း သူကပြောပါတယ်။

စစ်တပ်အကြီးအကဲဟောင်းဖြစ်သူ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ယာယီ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အထွေထွေရွေးကောက်ပွဲအပြီးမှာတော့ သူဟာ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ၀ပ်ရဲ့ ဒုတိယသမီးဖြစ်သူ ပါတွန်တန်ရှင်နာ၀ပ်ထရာဟာ အတိုက်အခံထိပ်တန်းအင်အားစုဖြစ်တဲ့ ဖြူထိုင်းပါတီ၀င်တဦးဖြစ်ပြီး အာဏာရယူဖို့ ရည်မှန်းနေပါတယ်။

ဖြူထိုင်းပါတီက သူ့ကိုတရား၀င်အမည်စာရင်းမသွင်းရသေးပေမယ့်လည်း စစ်တမ်းတွေအရ သူဟာ ဦးစားပေး၀န်ကြီးချုပ်လောင်းများစာရင်းမှာ ရပ်တည်နေပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW