ကမ္ဘာ့စီးပွားရေး ကျဆင်းမှုအန္တရာယ် အလွန်နီးကပ်နေပြီလို့ ကမ္ဘာ့ဘဏ်သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၁၁-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုအန္တရာယ် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၁၀ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေးဟာ ယခုနှစ်အတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်းဟာ တိုးတက်မယ်လို့ ကမ္ဘာဘဏ်က ခန့်မှန်းထားပြီး ဇွန်လမှာခန့်မှန်းထားခဲ့တဲ့ သုံးရာခိုင်နှုန်းထက် သိသိသာသာကျဆင်းသွားပါတယ်။

အခုလိုက်ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုဟာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှု၊ ကပ်ရောဂါရဲ့ သက်ရောက်မှုစတဲ့ အကြောင်းတရားတွေကြောင့်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စီးပွားရေးကျဆင်းမှုဟာ ကျယ်ပြန့်တဲ့ အခြေခံအကြောင်းတရားတွေကြောင့်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတိုင်းနီးပါးရှိ လူတွေရဲ့၀င်ငွေတိုးတက်မှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ဆယ်စုနှစ်များအတွင်းကထက် နှေးကွေးဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌ ဒေးဗစ်မယ်လ်ပက်စ်က ပြောပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းနဲ့ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၀၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တို့မှာ စီးပွားရေးကျဆင်းမှုတွေမှအပ ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု ၁ ဒသမ ၇ ရာခိုင်နှုန်းသာရှိမယ်လို့ ခန့်မှန်းချက်ဟာ ၁၉၉၁ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ဖွယ်ရှိပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW