ယူကရိန်းစစ်မြေပြင်မှာဦးစီးမယ့် တပ်မှူးနောက်တဦးကို သမ္မတပူတင်အစားထိုးခန့်အပ်

မော်စကို၊ ဇန်နဝါရီ-၁၂-၂၀၂၃
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲကိုဦးဆောင်နေတဲ့ ရုရှားတပ်မှူးကို ရာထူးခန့်အပ်ပြီးနောက် သုံးလအကြာမှာ ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

သူ့နေရာမှာ စစ်ဦးစီးချုပ် ဗယ်လာရီဂီရာဆီမော့ဗ်က ယူကရိန်းစစ်ပွဲကို ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဂီရာဆီမော့ဗ်ဟာ ယူကရိန်းရဲ့စွမ်းအင်အခြေခံ အဆောက်အအုံတွေအပေါ် မကြာသေးမီက အပြင်းအထန်တိုက်ခိုက်ခဲ့တဲ့ ဆာဂေးဆူရိုဗီကင်နေရာမှာ အစားထိုးတာ၀န်ယူမှာဖြစ်ပါတယ်။

မကြာသေးမီလတွေအတွင်း ရုရှားတပ်တွေဟာ ယူကရိန်းစစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံခဲ့ပြီးနောက် အခုလို အစားထိုးခန့်အပ်မှု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက ရာထူးတက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာဆီမော့ဗ်ဟာ ဆိုဗီယက်ခေတ်နောက်ပိုင်း သက်တမ်းအရှည်ဆုံး ရုရှားစစ်ဗိုလ်ချုပ်တဦးလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာဆီမော့ဗ်ကို ခန့်အပ်လိုက်တာဟာ ကွဲပြားခြားနားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံဖို့နဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW