အောင်လံမြို့နယ် ညောင်ပင်ဆိပ်လမ်းမှာ ကား ၁ စီး တိမ်းမှောက်ပြီး လူ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ဇန်နဝါရီ ၁၂ -၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ သရက်ခရိုင် ၊ အောင်လံမြို့နယ် ၊ ညောင်ပင်ဆိပ်ကျေးရွာအနီး ညောင်ပင်ဆိပ်ကားလမ်းမှာ ဒီကနေ့မနက် ၇ နာရီခွဲ အချိန်က ကား ၁ စီးတိမ်းမှောက်ပြီး ၊ ကားပေါ်ပါ ခရီးသည် ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။

” ညောင်ပင်ဆိပ်ရွာ အဝင်ကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာဖြစ်တယ် ၊ ကားပေါ်ပါ ခရီးသည် အမျိုးသား ၆ ဦးအနက် ၂ ဦးသေဆုံးပြီး၊ ကျန် ၄ ဦး ဒဏ်ရာရတယ်”လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

သေဆုံးရုပ်အလောင်းတွေနဲ့ ဒဏ်ရာရ လူနာတွေကို အောင်လံမြို့ခံ ပုညကုသလနာရေးကူညီမှုအသင်း နဲ့ မြတ်မေတ္တာလူမှုကူညီရေးအသင်းတို့က ပြလို့တိုက်နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

အောင်လံမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ရဲ့ ၁ နှစ်တာကာလအတွင်းမှာ ယာဥ်မတော်တဆမှု ဖြစ်စဥ် ၂၀ ကျော်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု အရေအတွက်ဟာလည်း ၁၂ ယောက်ထက်မနည်း ရှိတယ်လို့ ဒေသခံ ယာဥ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့တွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #အောင်လံ #ယာဥ်တိမ်းမှောက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW