ဥရောပရဲ့အကြီးဆုံး မြေရှားသတ္တုသိုက် ဆွီဒင်မှာ တွေ့ရှိ

စတော့ဟုမ်း၊ ဇန်နဝါရီ-၁၃-၂၀၂၃
မျိုးဆက်(VOM)

မိုဘိုင်းလ်ဖုန်းတွေကနေ ဒုံးကျည်တွေအထိ အသုံးပြုနိုင်တဲ့ ဥရောပ၏ကြီးဆုံးသော မြေရှားသတ္တုသိုက်ကို ဆွီဒင်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလိုတွေ့ရှိမှုဟာ လက်ရှိချိန်ထိ မြေရှားသတ္တု တူးဖော်ခြင်းမရှိသေးတဲ့ ဥရောပအတွက် တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ နည်းလမ်းအဖြစ် ဆွီဒင်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။

လျှပ်စစ်ကားတွေ၊ လေတာဘိုင်တွေ၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် မြေရှားသတ္တုသိုက် ရှာဖွေတွေ့ရှိမှုဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အသွင်ကူးပြောင်းရေးအတွက် သိသာထင်ရှားတဲ့ ြတွေ့ရှိမှုအဖြစ် ရှုမြင်နေကြပါတယ်။

၂၀၂၁ ခုနှစ်မှာ ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေမှာ အသုံးပြုတဲ့ မြေရှားသတ္တု ၉၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကနေ တင်သွင်းခဲ့ရပါတယ်။

မြေရှားသတ္တုထုတ်ယူခြင်းဟာ ခက်ခဲတဲ့အပြင် သဘာ၀ပတ်၀န်းကျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

မြေရှားသတ္တုဟာ နေ့စဉ်လူမှုဘ၀အတွက် အရေးပါတဲ့ထုတ်ကုန်တွေနဲ့ အခြေခံအအောက်အဦတွေဖန်တီးဖို့ အသုံးပြုတဲ့ ဒြပ်စင် ၁၇ မျိုးအုပ်စုထဲကတခုဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #စတော့ဟုမ်း

Related posts

Leave a Comment

VOM News

FREE
VIEW