ပထမတန်းကျောင်းသူ ၂ယောက်ကို ကျောင်းကြို/ပို့လုပ်ပေးနေတဲ့ ဆိုင်ကယ်သမားက အဓမ္မကျင့်မှု မြဝတီမြို့မှာ ဖြစ်ပွားခဲ့

ဇန်နဝါရီ ၁၄ – ၂၀၂၃
GG(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အသက်မပြည့်သေးတဲ့ ကလေး ညီအစ်မနှစ်ယောက်ကို ကျောင်းကြို/ပို့ လုပ်ပေးနေတဲ့ ဆိုင်ကယ်တက္ကစီသမားက အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ ကလေးငယ်ညီအစ်မနှစ်ယောက်မှာ တယောက်က အသက် ၈ နှစ်နဲ့ နောက်တယောက်က အသက် ၁၀ နှစ် ဖြစ်ပြီး ပထမတန်းတက်ရောက်နေတဲ့ ကျောင်းသူတွေဖြစ်တယ်လို့ သိရပါတယ်။

” မြဝတီမှာက သတင်းတခုဖြစ်ရင် တော်ရုံတန်းမသိရဘူး။လူသတ်မှုဖြစ်ရင်တောင် မပြောရဲကြဘူး။အခုက ကလေးသတင်းကလည်း အခုမှကြားရတာပါ ။ ကလေးတွေနေတဲ့ ရပ်ကွက်တွေကတော့ မပြောချင်ဘူး “လို့ ဒေသခံတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ အဓမ္မမှုကိုကျူးလွန်ခဲ့တာဖြစ်ကြောင်း ၊ အဓမ္မပြုကျင့်ခဲ့သူက မြဝတီမြို့ ၊ အမှတ် (၃)ရက်ကွက်၊ ဇနကလမ်းမှာနေထိုင်တဲ့ တက္ကစီမောင်းသူ ကိုအောင်ဝင်းနိုင်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဓမ္မမှု ကျူးလွန်သူကို မြဝတီမြို့မရဲစခန်းက ဖမ်းဆီးရရှိထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ကာ စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မြဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW