နယူးဇီလန်၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန် ရာထူးမှနှုတ်ထွက်တော့မယ်လို့ ကြေညာ

၀ယ်လင်တန်၊ ဇန်နဝါရီ-၁၉-၂၀၂၃
မျိုးဆက်(VOM)

နယူးဇီလန်၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်ဟာ လာမယ့်လအတွင်း ရာထူးကနေ နှုတ်ထွက်တော့မှာဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

၀န်ကြီးချုပ်ရာထူးထမ်းဆောင်ခဲ့တဲ့ အချိန်ကာလတွေဟာ ဂုဏ်အယူရဆုံးဖြစ်ပေမယ့်လည်း ရာထူးတာ၀န်အတွက် သင့်တော်ခြင်းမရှိတော့ကြောင်း ၀န်ကြီးချုပ်အာဒန်က ပြောပါတယ်။

သူဟာ ၀န်ကြီးချုပ်ရာထူးကနေ ဖေဖော်ဝါရီ ၇ ရက်ထက်နောက်မကျဘဲ နှုတ်ထွက်သွားမှာဖြစ်ပြီး သူ့ရဲ့အလုပ်သမားပါတီခေါင်းဆောင်နေရာကို ဘယ်သူဆက်ခံမလဲဆို ရှင်းလင်းစွာမသိရသေးပါဘူး။

လွန်ခဲ့တဲ့လက ထုတ်ပြန်တဲ့ စစ်တမ်းတရပ်မှာတော့ ၀န်ကြီးချုပ်အာဒန်အပေါ် ပြည်သူလူထုထောက်ခံမှုနှုန်းဟာ ၂၉ ရာခိုင်နှုန်းသာရှိပြီး ၀န်ကြီးချုပ်တာ၀န်ယူပြီးနောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါတယ်။

အာဒန်ဟာ နယူးဇီလန်၀န်ကြီးချုပ်အဖြစ် အသက် ၃၇ နှစ်အရွယ် ၂၀၁၇ ခုနှစ်မှာ စတင်တာ၀န်ယူခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး၀န်ကြီးချုပ်အဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံမှာ အောက်တိုဘာလအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဝယ်လင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW