မြင်းမူမြို့နယ် လဝကရုံး မီးလောင်

ဇန်နဝါရီ ၊ ၂၀-၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့ ၊ အောင်ဇေယျရပ်ကွက်မှာရှိတဲ့ မြို့နယ် လဝက ရုံး အဆောက်အဦဟာ မနေ့ ဇန်နဝါရီ ၁၉ ရက် ညပိုင်းက မီးလောင်ခဲ့တယ်လို့ မြင်းမူမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က ညဦးပိုင်းမှာ မြို့ထဲ ပစ်ခတ်မှုတွေဖြစ်တယ် ၊ည ၇ နာရီဝန်းကျင်မှာ လဝကရုံး မီးရှို့ခံရတယ် ၊ ၉ နာရီမှာ မီးငြိမ်းသတ်တာ ပြီးစီးတယ်”လို့ မြင်းမူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုကြောင့် ရုံး အဆောက်အဦ မီးစွဲလောင်ပြီး ရုံးတွင်းက ပရိဘောဂ ပစ္စည်းတချို့နဲ့ ရုံးသုံး မှတ်တမ်းမှတ်ရာတွေ ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

မနေ့က မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ စော်ဘွား အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံး မီးရှို့ခံရတာ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မကွေးတိုင်း ၊ ရေစကြိုမြို့နယ် လဝကရုံး မီးလောင်တာ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး အဆောက်အဦဟာ ပြီးခဲ့တဲ့ ၂၀၂၂ က မီးရှို့ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မြင်းမူ #လဝကရုံး #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW