ရန်ကုန်မှာ စာရင်းစစ်ဌာန လထ ညွန်ကြားရေးမှူးဟောင်း ဆိုသူ အသတ်ခံရ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနလည်း ဗုံးခွဲခံရ

ဇန်နဝါရီ ၂၀ – ၂၀၂၃
GG(VOM)

ရန်ကုန်၊ မြောက်ဒဂုံမှာ ဒီနေ့ ဇန်နဝါရီ၂၀ ရက် မနက်ပိုင်းမှာ စာရင်းစစ်ဌာန လက်ထောက် ညွန်ကြားရေးမှူးဟောင်း ဆိုသူ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မြောက်ဒဂုံမြို့နယ် ၊ ၄၀ ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ လမ်းဘေး ၄၀ စျေးထဲမှာ စျေးဝယ်နေစဥ် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

” မနက် အစော ၇ နာရီကျော်လောက်မှာ ပစ်ခတ်မှုဖြစ်တာ။ သေနတ်မှန်ပြီးတော့ စစ်သားတွေရောက်လာတယ် စစ်ဆေးရုံခေါ်သွားကြတယ်။ အခု သေပြီလို့ ကြားတယ် ၊ နဖူးကို ပစ်သွားတာလို့သိရတယ် ၊ဟုတ်တယ် လက်ထောက် ညွန်ကြားရေးမှူးဟောင်းလို့ကြားတယ် ” လို့ မြောက်ဒဂုံနေထိုင်သူတဦးကပြောပါတယ်။

သေနတ်နဲ့ပစ်ခံရတဲ့ စာရင်းစစ်ဌာန လက်ထောက်ညွန်ကြားရေးမှူးဟောင်း ဆိုသူဟာ မြောက်ဒဂုံမြို့နယ်နေထိုင်သူ အသက် ၆၄ နှစ်အရွယ် ရှိ ဦးရွှေဝင်းဖြစ်တယ်လို့သိရပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီလောက်ကလည်း ကမာရွတ်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ဦးဝိစာရလမ်းနဲ့ ရွှေလီလမ်းထောင့်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနရုံးဝန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုကြောင့် ရုံးထဲမှာ ရပ်ထားတဲ့ ကားတစီး ထိခိုက်ပျက်စီးခဲ့ပြီး နောက်ထပ်လည်းမပေါက်ကွဲသေးတဲ့ ဗုံးတလုံးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ပြိးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်းကလည်း ဌာနဆိုင်ရုံးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ အခြားနေရာတွေမှာ ဗုံးကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရဲ၊ စစ်သား၊ အုပ်ချုပ်ရေးပိုင်းကလုတွေ သေဆုံး၊ဒဏ်ရာရတာတွေ အများအပြားရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပစ်ခတ်မှု #ပေါက်ကွဲမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW