အာဖဂန်မှာ အေးခဲ ရာသီဥတုကြောင့် လူ ၁၂၀ ကျော်သေဆုံး

ကဘူးလ်၊ ဇန်နဝါရီ ၂၅-၂၀၂၃
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း အေးခဲတဲ့ ရာသီဥတုကြောင့် လူ ၁၂၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

ဆယ်စုနှစ်အတွင်း အအေးဆုံးဆောင်းရာသီကြောင့် တိရိစ္ဆာန်ကောင်ရေ ခုနှစ်သောင်းကျော် သေဆုံးခဲ့ကြောင်း သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှု၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

အာဖဂန်နစ္စတန်ရဲ့ နေရာအနှံ့အပြားမှာ ဆီးနှင်းတွေထူထပ်စွာကျရောက်ပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေကာ စစ်ရဟတ်ယာဉ်တွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေလွှတ်ထားပေယ့် တောင်ထူထပ်တဲ့ ဒေသတွေ ဆင်းသက်နိုင်ခြင်းမရှိကြောင်း သူကဆိုပါတယ်။

ဒီအခြေအနေမှာ အာဖဂန်အမျိုးသမီးတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်ခွင့်ကို တာလီဘန်တို့က တားမြစ်ထားတာကြောင့် မကြာသေးမီရက်သတ္တပတ်တွေကစပြီး အကူအညီပေးရေး အဖွဲ့အစည်းတွေက သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားပါတယ်။

အခုလို သဘာဝဘေးကြောင့် လူအများအပြားသေဆုံးမှုတွေ ဖြစ်ပွားနေသော်လည်း အဲဒီအမိန့်ကို ပြောင်းလဲမည်မဟုတ်ကြောင်း တာလီဘန်ထိပ်တန်းတာ၀န်ရှိသူတဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကဘူးလ်

Related posts

Leave a Comment

VOM News

FREE
VIEW