ဆားလင်းကြီးမြို့နယ် စက်မှုလယ်ယာရုံး မီးလောင်

ဇန်နဝါရီ၊ ၃၀ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ မြိ​နယ် စက်မှုလယ်ယာ ရုံး အဆောက်ဦးဟာ မနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းက မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဌာနက သိရပါတယ်။

” မနေ့က နေ့လယ် ၁ နာရီဝန်းကျင်မှာ မီးစတင်လောင်တယ် ၊ မီးအမျိုးအစားက ရှို့မီးဖြစ်တယ် ၊ ရုံး အဆောက်အဦနဲ့ ပရိဘောဂတွေ လောင်သွားတယ် ” လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲံဒီ မီးလောင်တယ်ဆိုတဲ့ စက်မှုလယ်ယာရုံးက လယ်ထွန်စက်တွေ ၊ ရုံးကားတွေ ၊ နောက်ဆွဲယာဥ်တွေနဲ့ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းက အကြိမ်ကြိမ် ပျေက်ဆုံးခဲ့ပြီး အခုတကြိမ်မှာတော့ ရုံးအဆောက်အဦနဲ့ ပရိဘောဂပစ္စည်းတွေ မီးရှို့ဖျက်ဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးအဆောက်အဦတွေအနက် လဝကရုံး ၊ သစ်တောရုံး ၊ စည်ပင်ရုံးနဲ့ ရွေးကောက်ပွဲ ကောက်မရှင်ရုံးတွေဟာ ပြီးခဲ့တဲ့ လပိုင်းက မီးရှို့ခံရပါသေးတယ်။

စစ်ကိုင်းတိုင်း ၊ တမူး ၊ ပင်လည်ဘူး ၊ မြင်းမူ ၊ မြောင် ၊ ဆားလင်းကြီး ၊ မုံရွာ၊ ချောင်းဦး စတဲ့ မြို့နယ်တွေက ဌာနဆိုင်ရာ ရုံးအဆောက်အဦတွေလည်း မီးရှို့ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #စက်မှုလယ်ယာရုံးမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW