လှိုင်မြို့နယ်က ရွှေဝါဆပ်ပြာစက်ရုံရဲ့ ဒုအထွေထွေမန်နေဂျာ ဗိုလ်ကြီးဟောင်းဆိုသူ အသတ်ခံရ

ဇန်နဝါရီ ၃၀ – ၂၀၂၃
GG(VOM)

ရန်ကုန်၊လှိုင်မြို့နယ်က ရွှေဝါဆပ်ပြာစက်ရုံရဲ့ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုးဆိုသူ ဒီနေ့ဇန်နဝါရီလ ၃၀ ရက်နေ့မနက်အစောပိုင်းက သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဦးမြင့်စိုးဟာ လှိုင်မြို့နယ်၊(၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ရတနာမွန်အိမ်ယာ၊ တိုက် 3/Aရှေ့မှာ ​စားစရာဝယ်နေစဥ် အနီးကပ် သေနတ်နဲ့ပစ်ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

” အခုမနက် ၆ နာရီခွဲလောက်မှာ သူက မနက်စာစားဖို့ အသုပ်ဆင်းဝယ်တဲ့အချိန် အပစ်ခံရတာလို့သိရတယ် ၊ပစ်သွားတဲ့သူတွေက စက်ဘီးနဲ့လာပြီးပစ်တာလို့သိရတယ်၊ မျက်နာကို ထိသွားတာ ၊သေသွားပြီ ” လို့ လှိုင်မြို့နယ်နေထိုင်သူတဦးက ပြောပါတယ်။

ရွှေဝါဆပ်ပြာစက်ရုံမှ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုးဟာ အသက် ၆၂ နှစ်အရွယ်ဖြစ်ပြီး ဗိုလ်ကြီးဟောင်းတဦးလည်းဖြစ်တယ်လို့သိရပါတယ်။

ဦးမြင့်စိုးဟာ လှိုင်မြို့နယ်အတွင်း ကျူးကျော်
နေအိမ်တွေကို ဖယ်ရှားမှုမှာ လုံခြုံရေးတပ်တွေနဲ့အတူပူးပေါင်းဆောင်ရွက်တာတွေကြောင့် အခုလိုအသတ်ံခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပေမယ့် VOMအနေနဲ့ ဘာကြောင့်အသတ်ခံရသလဲဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာတော့ ဦးမြင့်စိုးအသတ်ခံရပြီးနောက် ရှာဖွေ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ိသိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း မရမ်းကုန်း မြို့နယ်က ဗိုလ်ကြီးဟောင်း လင်မယားဆိုသူ၂ ယောက်လည်း အသတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လှိုင် #ရွှေဝါဆပ်ပြာ #ဒုထွေမန်နေဂျာပစ်သတ်ခံရ
ပုံစာ – လှိုင်မြို့နယ်အတွင်းစစ်ဆေးနေပုံ(ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW